Part-2

1.1K 97 3
                                    

[Unicode]
ယနေ့ကား လမိုက်ညပင်။ အချိန်မှာ ည9နာရီခန့်။ ကောင်းကင်တွင်လည်း ကြယ်ရောင်၊လရောင်တို့ ထွန်းလင်းခြင်းမရှိပေ။ ပတ်ဝန်းကျင်မှာလည်း အမှောင်အတိကျလို့နေ၏။

ဓာတ်မီးအလင်းရောင်ကိုအားပြုကာ ညအမှောင်ကိုအံတုလျက် တောနက်ထဲသို့တိုးဝင်နေသည့် လူတစ်စုရှိသည်။ ဓာတ်မီးအလင်းရောင်အောက်တွင် သစ်ပင်ကြီးငယ်တို့မှာ သရဲတစ္ဆေများကဲ့သို့ ခြောက်ခြားစရာကောင်းနေ၏။ ပုရစ်တို့၏ တစီစီအော်သံများမှာလည်း စူးရှရှနိုင်လှသည်။ သစ်ပင်ကြီးများပေါများလှသည့် တောကြီးမျက်မည်းတွင်း၌ ရာသီဥတုကလည်း အေးစိမ့်လို့နေ၏။

"ငါတို့လမ်းပျောက်နေပြီထင်တယ်"

မင်းခ က သစ်ပင်တစ်ပင်၏ ပင်စည်တွင် ချည်နှောင်ထားသည့် အပြာနုရောင် လည်စည်းပုဝါအား ညွှန်ပြကာ သူ့အဖွဲ့သားများအားပြောလိုက်သည်။

"ဒီမှာကြည့်...ငါအမှတ်အသားလုပ်ခဲ့တဲ့နေရာကိုပဲ ပြန်ပြန်ရောက်လာနေတယ်"

"ဘယ်နှခါတောင်ရှိနေပြီလဲကွာ"

အဖွဲ့သားများထံမှ စိတ်ပျက်လက်ပျက် ညည်းညူသံများထွက်လာ၏။

"မနက်မှဆက်သွားတာကောင်းမယ်ထင်တယ် ငါ့ဓာတ်မီးက အားကုန်တော့မယ်"

"အေး ငါလည်းအတော်ပင်ပန်းနေပြီ နားချင်ပြီကွ"

"အဲ့ဒါဆိုလည်း ဒီမှာပဲ နားကြတာပေါ့၊ မီးဖိုဖို့ ထင်းခြောက်တွေကောက်ကြဦး"

တောကြီးမျက်မည်းအတွင်း သစ်ပင်ကြီးငယ်တို့မှ ကြွေကျနေသည့် သစ်ကိုင်းခြောက်များကို ကောက်ယူကာ မီးဖိုလိုက်ကြသည်။ မီးပုံဘေးတွင် ဝိုင်းထိုင်ရင်း အသင့်ပါလာသည့် အသားခြောက်များကို ကင်ကြသည်။

"မြေပုံအရဆိုရင်တော့ ဒီနားလေးတင်ပဲ"

"ဒီတစ်ခါထွက်တဲ့ခရီးကအရင်က‌နဲ့မတူဘူး အချီကြီးပွမှာ၊ ငါတို့သာအောင်မြင်လို့ကတော့ တစ်သက်လုံး ဘာအလုပ်မှမလုပ်ဘဲ အေးဆေးထိုင်စားရုံပဲ"

"မင်းတို့ကောင်တွေ အချင်းချင်းသစ္စာဖောက်မယ်မကြံကြနဲ့နော်၊ ရှာတွေ့တဲ့ရတနာတွေက အားလုံး ညီတူမျှတူဆိုတာ သဘောပေါက်ကြတယ်မလား"

Crimson Book[Ongoing]Where stories live. Discover now