Part-11

223 17 0
                                    

[Unicode]
"ကိုကြီးတိမ်ယံကို ပြောခဲ့သင့်တယ်မထင်ဘူးလား"

ဆည်းဆာကအနည်းငယ်စိုးရိမ်နေသော်ငြား အဂ္ဂကတော့ အေးအေးလူလူပင်။ သူတို့သုံးဦးသား မြို့ထဲသို့အဝင် လမ်းမကြီးပေါ်ရောက်နေကြပြီဖြစ်၏။

"ခဏလေးထွက်တာပဲ ဘာမှမဖြစ်ပါဘူး၊ သူသိလိုက်မှာတောင်မဟုတ်ဘူး"

ဆည်းဆာမှာ မလိုက်ချင်သော်လည်း မင်းခက အတင်းအကျပ်ခေါ်ခဲ့ခြင်းဖြစ်၏။ ပြန်ရောက်လျှင် တိမ်ယံရှင်း၏ ဒေါသနှင့်ရင်ဆိုင်ရမည်ကိုတွေးပြီး ခေါင်းကြိမ်းနေသည်မှာ အမှန်ပင်။

မင်းခကတော့ ကားပြတင်းမှန်မှတစ်ဆင့် အပြင်ဘက်ရှုခင်းများကို ငေးကြည့်နေ၏။ မြို့ငယ်လေးဖြစ်သည့်အလျောက် လူနေကျဲပါးကာ သစ်ပင်များ ပန်းပင်များထူထပ်၍ သဘာဝရှုခင်းအလှအပကို အပြည့်အဝခံစားရစေသည်။

အဂ္ဂ ကားမောင်းနေရင်းမှ ကားနောက်ကြည့်မှန်မှတစ်ဆင့် အနောက်တွင်ထိုင်နေသော မင်းခကို လှမ်းကြည့်လိုက်သည်။ ပြတင်းမှန်ဖွင့်ထားသဖြင့် တိုးဝင်လာသည့်လေအေးများက ထိုကောင်လေး၏ ဆံနွယ်စများအား တိုးဝှေ့သွားလေ၏။

မြို့ထဲသို့ရောက်ကြလေပြီ။
ဤမြို့လေးထဲတွင်တော့ ဆိုင်ကြီး များများစားစားသိပ်မရှိပေ။ ကားပါကင်တွင် ကားရပ်ကာ သုံးယောက်သား စားသောက်ဆိုင်တစ်ခုတွင် ထိုင်လိုက်ကြ၏။

"ဘာစားကြမှာလဲ"

"ထမင်းလိပ်!!!"

ကလေးတစ်ယောက်သဖွယ် အော်ဟစ်လိုက်သည့် မင်းခကြောင့် ဆိုင်အတွင်းမှလူများက သူတို့က မသိမသာလှမ်းကြည့်လာကြ၏။
အဂ္ဂမှာ ပါးစပ်အဟောင်းသားဖြင့် ကြောင်အ,နေလျက် ဆည်းဆာမှာတော့ သူမ၏မျက်နှာအား မီနူးစာရွက်ဖြင့်ကွယ်ကာ မင်းခအနားသို့ကပ်၍ တီးတိုးစကားဆိုလိုက်သည်။

"ဟုတ်ပြီ ဟုတ်ပြီ မအော်နဲ့တော့"

"ထ...မင်း...လိပ်"

မင်းခက ဆည်းဆာ၏ နားနားသို့ကပ်ကာ လေသံတိုးတိုးဖြင့် တစ်လုံးချင်းပြောလိုက်၏။

"အိုကေ...ကိုကြီးအတွက် ထမင်းလိပ်ရယ်၊ ဒီဒီ့အတွက်ကဒိန်ချဥ်"

Crimson Book[Ongoing]Where stories live. Discover now