[Unicode]
ညရောက်သည်နှင့် မင်းခက သူ့အားပုံပြင်ဖတ်ပြရန် ဆည်းဆာကို ပူဆာလေ၏။ ဆည်းဆာက မင်းခအားမသိကျိုးကျွံပြုလျက် ဖုန်းကြည့်ပင်မပျက်။"ဒီဒီ ဒီဒီ ငါ့ကိုပုံပြင်ဖတ်ပြလို့"
ဆည်းဆာက ထိုင်နေသည့်အဂ္ဂအား လှမ်းကြည့်လိုက်၏။ ဆည်းဆာ၏ အကြည့်အား နားလည်သွားသည့် အဂ္ဂက သူ၏လက်ထဲမှဖုန်းအားချကာ...
"မင်းခ ပုံပြင်နားထောင်ချင်လို့လား"
"ဟုတ်"
"ကိုယ်ပြောပြမယ်၊ ဒီဒီ့ကိုမနှောင့်ယှက်နဲ့တော့"
"ဟုတ်"
မင်းခက လိမ္မာစွာပင် သူ၏အိပ်ရာထဲဝင်ကာ စောင်ကိုခေါင်းအထိလုံအောင်ဆွဲခြုံလျက် မျက်နှာသာဖော်ထား၏။ သူ၏ရင်ခွင်ထဲတွင်တော့ အဂ္ဂဝယ်ပေးထားသည့် အရုပ်လေးအား ထွေးပွေ့လျက်။
"ဒီဒီ အကျင့်ပုတ်"
နှုတ်ခမ်းလေးဆူကာ မကျေမနပ်ပြောလိုက်သည့် မင်းခ၏ စကားကြောင့် အဂ္ဂ အသံထွက်အောင်ရယ်လိုက်မိသည်။ ဆည်းဆာမှာတော့ ပြုံးရုံသာ ပြုံးကာ ခေါင်းကိုအသာခါယမ်းလိုက်၏။
ဆည်းဆာ၏ နောက်ကျောဘက် ပြတင်းပေါက်အပြင်ဘက်တွင် ဝေ့ဝဲနေသည့် အနက်ရောင် အခိုးအငွေ့များကိုတော့ မည်သူမျှသတိမထားမိကြပေ။"မင်းတို့တွေ မနက်ကဘယ်သွားနေကြတာလဲ"
တိမ်ယံရှင်း၏အသံကိုကြားသည်နှင့် ထိုအခိုးအငွေ့တို့က ရုတ်ချည်းလှုပ်ရှားကာ တောနက်တစ်နေရာသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။
"မြို့ထဲခဏပါ"
အဂ္ဂ၏ အဖြေကြောင့် တိမ်ယံရှင်း သက်ပြင်းချလိုက်ရင်း...
"နောက်ဆိုရင် အသိပေးပြီးမှသွား""ဟုတ်"
တိမ်ယံရှင်းက ထိုမျှသာပြောကာ သူ၏သူငယ်ချင်းဖြစ်သူ အာကာရှိရာ အောက်ထပ်သို့ ဆင်းသွားလေ၏။
အော်ဟစ်ဆူဆဲတော့မည် ထင်ထားသည့် ဆည်းဆာမှာတော့ အခုမှပင် သက်ပြင်းချနိုင်တော့သည်။ သူမဖုန်းထဲမှ ဇာတ်ကားတစ်ကား ကြည့်၍ အချိန်ကုန်နေစဥ် အဂ္ဂက မင်းခကို ပုံပြင်ဖတ်ပြနေ၏။
YOU ARE READING
Crimson Book[Ongoing]
Fantasyဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးသက်သက်မျှသာဖြစ်ကြောင်း။ Started:1.7.2024 "ကိုယ့်ရဲ့အရှင် S-3" 📜Story Description📜 နမော်နမဲ့နိုင်လွန်းလှတဲ့MCတစ်ဦးဟာဆိုရင်ဖြင့် ရှေးဟောင်းစာအုပ်ထဲမှာချုပ်နှောင်ခြင်းခံထားရတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကို မတော်တဆလွှတ်ပေး...