[Unicode]
ပန်းချီကားထဲသို့ တိုးဝင်လိုက်သည်နှင့် ဆည်းဆာ၏ မျက်လုံးများ အမှောင်အတိကျသွားကာ နားထဲ၌ လေတိုးသံကဲ့သို့ တဝီဝီအသံများကြားနေရ၏။ အချိန်ခဏလေး အတွင်းမှာပင် Andreyအိမ်တော်အတွင်းသို့ ရောက်ရှိသွားကြ၏။ သူရဇ္ဇနှင့် တိမ်ယံရှင်းက ဆည်းဆာ၏ လက်မောင်းတစ်ဖက်စီကို ချုပ်ကိုင်ထားကြရာမှ ကြမ်းပေါ်သို့ ပစ်ချလိုက်ကြ၏။ဘုတ်!!
"အင့်..."
ဆည်းဆာက ကြမ်းပြင်နှင့်ရိုက်မိသဖြင့် နာသွားသည့် သူမမေးစေ့အား လက်ဖဝါးဖြင့်ပွတ်ကာ မကျေမနပ်ဖြင့် စကားဆိုလိုက်၏။
"အသာလုပ်ကြပါ၊သွားတွေကျိုးကုန်တော့မှာပဲ"
"အရေခွံဆုတ်မခံရတာကိုပဲ ကျေးဇူးတင်"
တိမ်ယံရှင်း၏ စကားကြောင့် ဆည်းဆာ ဇက်ကလေးပုသွားရသည်။ တိမ်ယံရှင်းနှင့် သူရဇ္ဇမှာ အပလောကတွင် မြင်ခဲ့ရသည့်ပုံစံနှင့် ခြားနားစွာပင်။
သူရဇ္ဇက အနက်ရောင်ရှပ်အင်္ကျီလက်ရှည်ကို တံတောင်ဆစ်ထိခေါက်တင်ထားကာ အနက်ရောင်style pantအား ကျနစွာဝတ်ဆင်ထားပြီး ဆံပင်ကိုလည်းသေသပ်စွာ နောက်သို့လှန်တင်ထား၏။
တိမ်ယံရှင်းကတော့ အဖြူရောင်ရှပ်အင်္ကျီလက်ရှည်နှင့် ခဲနက်ရောင်style pantနှင့်ဖြစ်ပြီး နဖူးထက်တွင်တော့ ဆံစတချို့ဝဲကျနေလေသည်။ထိုသူနှစ်ဦးက ကြမ်းပြင်ပေါ်မှ ပြန်ထမလာသေးဘဲ ထိုင်မြဲထိုင်နေသည့် ဆည်းဆာအား မတ်တပ်ရပ်လျက် ငုံ့ကြည့်နေကြ၏။
သူရဇ္ဇ၏ မျက်လုံးများမှာ ပကတိတည်ငြိမ်နေသော်ငြား တိမ်ယံရှင်း၏မျက်လုံးများမှာတော့ မီးဝင်းဝင်းတောက်နေသည်ဟုပင်ထင်မှတ်ရပြီး သူမအား အစိမ်းလိုက်ဆွဲဖြဲတော့မည့်နှယ်။ဆည်းဆာမှာတော့ မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့် သူရဇ္ဇကိုတစ်လှည့် တိမ်ယံရှင်းကိုတစ်လှည့် ကြည့်နေ၏။
"ဆိုတော့ကာ...ပစ္စည်းအစစ်က ဘယ်မှာလဲ"
တိမ်ယံရှင်းက ရှေးဟောင်းလက်ကောက်များအား ရည်ရွယ်၍ ဆည်းဆာအား မေးလိုက်ခြင်းပင်။"မရှိတော့ဘူး"
ဆည်းဆာက ကလေးတစ်ယောက်လို အပြစ်ကင်းစင်သည့် မျက်လုံးအဝိုင်းသားဖြင့်ကြည့်ကာ အသံတိုးတိုးဖြင့် ပြန်ဖြေ၏။
YOU ARE READING
Crimson Book[Ongoing]
Fantasyဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးသက်သက်မျှသာဖြစ်ကြောင်း။ Started:1.7.2024 "ကိုယ့်ရဲ့အရှင် S-3" 📜Story Description📜 နမော်နမဲ့နိုင်လွန်းလှတဲ့MCတစ်ဦးဟာဆိုရင်ဖြင့် ရှေးဟောင်းစာအုပ်ထဲမှာချုပ်နှောင်ခြင်းခံထားရတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကို မတော်တဆလွှတ်ပေး...