Part-5

964 59 7
                                    

[Unicode]
"ကိုယ်တော့်အကြောင်းမပြောပြခင် နှမငယ်ရဲ့ အမည်ကိုသိလိုတယ်"

"ဆည်းဆာ"

ထိုသူက ပြုံး၏။ မျက်နှာချောချောထက်က အပြုံးမှာ အေးစက်ကာ ခြောက်ခြားဖွယ်ပင် ကောင်းနေသယောင်။

"ဆည်းဆာ...တယ်ကောင်းတဲ့ အမည်ပါလား၊ ကိုယ်တော်ကလည်း ညနေဆည်းဆာနေဝင်ချိန်အလှကို သိပ်သဘောကျတာ၊ နှမငယ်ကလည်း အမည်နဲ့လိုက်ဖက်အောင် လှပတာပဲကိုး"

'ကိုယ်တော်ရေ...အာချောင်နေတာလေးရပ်ပြီး လိုရင်းပဲပြောကြရအောင်လား...ဒီအစ်မကြီးက အိမ်အရမ်းပြန်ချင်နေပြီနော်...´

"ရှင့်အကြောင်းပြောပြမယ်ဆို"

ထိုသူက ဆည်းဆာ၏ မျက်ဝန်းများအတွင်း စိုက်ကြည့်ကာပြုံးလျက်ရှိ၏။ ဆည်းဆာ၏ ဆံနွယ်များအား နားရွက်နောက်သို့ နူးညံ့စွာ သပ်တင်ပေးလိုက်သည်။ သူမ၏ ပါးပြင်မှာ ပူနွေးလာရသည်။  မျက်နှာမှာလည်း နီရဲနေမည်မှာ အသေအချာပင်။ ဒီအသက် ဒီအရွယ်ထိ ဘယ်ယောကျ်ားနှင့်မှ အခုလိုအနီးကပ် မနေခဲ့ဖူးတာလည်းပါမည်။ သူမအတွက် နေရထိုင်ရ ခက်လွန်း‌လှသည်။

"ကိုယ်တော့်အမည်က နက္ခတ်"

"......."

"နှမငယ်အခုရောက်နေတဲ့ မြို့ကြီးကို အပိုင်စားရတဲ့သူလို့ပဲသိထားလိုက်ပေါ့"

"......."

"......."

"အမ်...ဆက်ပြောလေ"

"ဘာပြောရဦးမှာလဲ"

"ရှင်ပဲ ရှင့်အကြောင်းပြောပြမယ်ဆို"

"ကိုယ်တော်ပြောပြီးပါရောလား"

"မဟုတ်သေးဘူးလေ...ကျွန်မသိချင်တာ ဘာတစ်ခုမှတောင်မသိရသေးဘူး၊ အခုကဘယ်ခေတ်ရောက်နေတာလဲ၊ ဘယ်နေရာလဲ၊ ရှင်တို့ကဘယ်သူတွေလဲ"

"နောက်ကျတဖြည်းဖြည်းသိလာပါလိမ့်မယ်...အခုတော့ လက်ထပ်ကြရအောင်"

"ဘာ ဘာရယ်..."

နက္ခတ်က ပြောပြောဆိုဆိုနှင့် စားပွဲပေါ်မှခေါင်းလောင်းလေးအား လှုပ်ခါလိုက်သည်။ ခေါင်းလောင်းထံမှအသံထွက်လာသည်နှင့် ချက်ချင်းပင် အခန်းတံခါးပွင့်သွားကာ ရုဒ္ဒါပြေးဝင်လာသည်။

Crimson Book[Ongoing]Where stories live. Discover now