Part-18

217 23 29
                                    

[Unicode]
တစ်ဖက်တွင်တော့ သူရဇ္ဇနှင့်တိမ်ယံရှင်းတို့  မြို့ထဲရှိ ပန်းခြံထဲတွင်ထိုင်ကာ နှစ်ဦးတည်း စကားဆိုနေကြ၏။

"ရာဇာသက္ကဆိုတဲ့ကောင် ဘယ်မှာရှိလောက်မယ်လို့ထင်လဲ"
တိမ်ယံရှင်းက တွေးဆဆဖြင့် မေးလိုက်ခြင်းပင်။

"ဒီမကောင်းဆိုးဝါးက နှစ်တွေအရမ်းကြာနေပြီ သူ့မှာအစွမ်းအစဘယ်လောက်ရှိတယ်ဆိုတာလည်း ကိုယ်တို့မသိဘူး"

"ဟူး...ခက်တယ်ဗျာ ခက်တယ်"

ထိုစဥ် သူတို့ရှေ့၌ ဖြတ်ပြေးသွားသည့် ကလေးတစ်ယောက်က မှောက်လဲကျတော့မလိုဖြစ်သွားသဖြင့် တိမ်ယံရှင်းက ထိန်းကိုင်ပေးလိုက်သည်။

"ရရဲ့လား ဘယ်နားနာသွားသေးလဲ"

ထိုကလေးက မည်းနက်နေသည့် မျက်ဝန်းအစုံတို့ဖြင့် တိမ်ယံရှင်းအားစိုက်ကြည့်ကာ မကောင်းဆိုးဝါးဆန်သည့်အပြုံးဖြင့် ပြုံးပြလာလေ၏။

"ကျေးဇူးပါနော် ဟီးဟီးဟီး"

"မင်း..."

ထိုအချိန် ထိုကလေး၏ ခန္ဓာကိုယ်တွင်းမှ အနက်ရောင်အရိပ်တစ်ခုပြေးထွက်သွားကာ ကလေးကလည်း တိမ်ယံရှင်းလက်ပေါ်၌သာ ပျော့ခွေကျသွားသည်။
သွက်လက်သည့်သူရဇ္ဇက ထိုအရိပ်မည်းနောက် ပြေးလိုက်သွားတော့၏။

"ဟိတ်ကောင်လေး...သတိထားစမ်း"

တိမ်ယံရှင်း ကိုင်လှုပ်နှိုးတော့မှ ထိုကလေးက သတိရလာကာ ကြောင်အအဖြစ်နေရှာ၏။
ကလေးဖြစ်သူ၏ မိဘများဖြစ်ဟန်တူသည့်သူများ ရောက်လာကာ ပြန်ခေါ်သွားတော့မှ ထိုကလေးက ပြန်ပါသွားတော့သည်။

မကြာမီအချိန်အတွင်း သူရဇ္ဇက မျက်စိပျက် မျက်နှာပျက်ဖြင့် တိမ်ယံရှင်းရှိရာသို့ ပြန်လည်ရောက်ရှိလာ၏။

"နောင်...အခြေအနေဘာထူးလဲ"

"ဒီကောင်က လူ့လောကနဲ့ အပလောကကို ကြားခံမရှိဘဲ ဖြတ်ကူးပြီးသွားလာနိုင်နေတယ်၊ အခု အပလောကကို ပြန်ပြေးသွားတာဖြစ်လိမ့်မယ်၊ ဒါနဲ့ ခုနကကောင်လေးရော"

"ရာဇာသက္ကက သူ့ရဲ့စိတ်ဝိညာဥ်ကို စုပ်ယူသွားတယ်၊ နောက်သုံးရက်နေရင် ဒီကလေးသေလိမ့်မယ်"

Crimson Book[Ongoing]Where stories live. Discover now