Part-28

251 23 11
                                    

[Unicode]
လေးယောက်သား မြေအောက်ခန်းထဲမှ အပြင်သို့ပြန်ရောက်နေကြပြီဖြစ်၏။
ထွက်ပြေးလွတ်မြောက်သွားသည့် ရာဇာသက္ကအား လိုက်ရှာနေကြရင်းမှ ဝင်္ကပါလို ရှုပ်ထွေးနေသည့် ဆူးခြုံတောများအကြား တဝဲလည်လည်ဖြစ်နေကြခြင်းပင်။

နက္ခတ်၊သူရဇ္ဇ၊တိမ်ယံရှင်း တို့ သုံးယောက်ခမျာ ဝင်္ကပါထဲမှ မထွက်နိုင်သေးသဖြင့် စိတ်ညစ်နေရသည့်အထဲ ဆည်းဆာကိုကြည့်ကာ ပိုစိတ်ညစ်နေရပြန်သည်။ လေးနှင့်မြှားကို ရှာတွေ့သွားသည့် ဆည်းဆာမှာ မျောက်ကိုအတောင်တပ်ပေးလိုက်သလိုပင်။ လေးကြိုးတွင် မြှားတံတပ်လျက် ဟိုနေရာချိန်လိုက် ဒီနေရာချိန်လိုက် လုပ်နေလေရာ ထိုသူသုံးဦးခမျာ သူတို့အား ထိမှန်မည်စိုး၍ သတိကြီးကြီးထားကာ ရှောင်တိမ်းနေရလေ၏။

စိတ်မရှည်တော့သည့် တိမ်ယံရှင်းက...

"‌ေxာက်လုံးတွေလည်း မှန်ကုန်တော့မယ်ဟ၊ အဲ့ဒါကြီး ချထားစမ်းပါ xီးတဲ့မှ"

တိမ်ယံရှင်း၏ ဆဲဆိုသံအား ကြားလိုက်ရသည့် နက္ခတ်မှာ မျက်လုံးများပြူးကျယ်သွားပြီး သူရဇ္ဇမှာတော့ တစ်ဖက်သို့မျက်နှာလွှဲသွားလေသည်။

"သန့်စင်တဲ့ဝိညာဥ်အရှင်က ဒီလောက်ထိ အယုတ္တအနတ္တ စုံနေအောင် ဆဲတတ်မယ်လို့ မထင်ခဲ့ဖူးဘူး"

"ခင်ဗျားက ဒီလောက်ပဲကြားဖူးတာကိုး၊ အိမ်မှာဆို ဒီထက်တောင်ဆိုးသေး"

"အကုန်ကြားနေရတယ်နော်"

နက္ခတ်နှင့် သူရဇ္ဇတို့၏ စကားဝိုင်းသို့ တိမ်ယံရှင်းက သူကြားသည့်အကြောင်း လှမ်းအော်သတိပေးလာ၏။
ဂျစ်ကန်ကန် ဆည်းဆာကတော့ တိမ်ယံရှင်း၏ စကားအား နားမထောင်ပါချေ။

"ကိုကြီးတိမ်ယံကလည်း...ဒီဒီက လက်စမ်းကြည့်ရုံပါ ဘာမှမဖြစ်ဘူး အေးဆေး"

ဆည်းဆာက ဟိုဟိုဒီဒီချိန်နေရင်းမှ မြှားတံက သူမလက်ထဲရှိလေးမှ ချော်ထွက်ကာ သူရဇ္ဇ၏ နားရွက်ဘေးမှ ဝှီးခနဲဖြတ်သွားလေ၏။
ထိုအရာအားမြင်လိုက်သည့် တိမ်ယံရှင်းက ခေါင်းနပမ်းကြီးသွားကာ သူ၏ခေါင်းအားယောင်ရမ်း၍ပင် အုပ်ကိုင်လိုက်မိသည်။

Crimson Book[Ongoing]Where stories live. Discover now