Part-9

274 23 1
                                    

[Unicode]
တစ်နာရီခွဲခန့်မောင်းနှင်လာပြီးနောက် မြို့ငယ်လေးတစ်မြို့ဆီသို့ ရောက်ခဲ့၏။ သူရိယ၏ ကားလေးက ထိုမြို့လေး၏ မြို့ပြင်ဘက်သို့ တရွေ့ရွေ့ဦးတည်လာနေသည်။ သူရိယ၏ ကားနောက်တွင်တော့ အဂ္ဂ၏ကားလေးက ထပ်ကြပ်မကွာ လိုက်ပါလာလေ၏။

မြို့နှင့်မနီးမဝေးရှိ ခြံကျယ်ကြီးရှေ့သို့ အရောက်တွင် သူရိယကားရပ်ကာ ဟွန်းတီးလိုက်သည်။ ကားဟွန်းသံကြောင့် ခြံထဲမှ ဦးလေးကြီးတစ်ယောက်ထွက်လာပြီး ခြံတံခါးလာဖွင့်ပေး၏။ ခြံထဲတွင်တော့ နှစ်ထပ်အိမ်တစ်လုံးရှိသည်။

"မင်းခကဒီမှာဆိုတာ သေချာရဲ့လား"
တိမ်ယံရှင်းက သူရိယအား မေးလိုက်ခြင်းပင်။ သူရိယက ခွန်းတုံ့မပြန် ခေါင်းသာ အသာငြိမ့်ပြ၏။

"ဖုန်းကြိုဆက်ထားတဲ့ ဧည့်သည်တွေထင်တယ်"
ခြံတံခါးဖွင့်ပေးသည့် ဦးလေးကြီးက သူတို့အားအကဲခတ်ကာ မေးလိုက်၏။

"ဟုတ်ပါတယ် ဦးလေး"

"ဒါဖြင့်ရင် အိမ်ထဲလာကြ"

အဂ္ဂက ပတ်ဝန်းကျင်အား အကဲခတ်လိုက်ရင်း...
"ဒီမှာသရက်ပင်တွေအများကြီးပါလား"

"များဆို သရက်ခြံလေကွာ၊ သရက်သီးအမျိုးအစားတော်တော်များများ ဦးလေးတို့ဆီမှာရတယ်"

"ဒါဆို ဒီခြံကြီးကို ဦးလေးပိုင်တာပေါ့"

"ဦးလေးရဲ့တူ ပိုင်တာပါ၊ လာ လာ သူအိမ်ထဲမှာရှိတယ်"

သူတို့အားလုံး အိမ်ထဲသို့ရောက်သည်နှင့် ဦးလေးကြီးက ခုံများတွင် ထိုင်စေ၏။

"အာကာ...ငါ့တူ...ဒီမှာမင်းဧည့်သည်တွေရောက်နေပြီဟေ့"
ဦးလေးကြီးက သူ၏ တူတော်မောင်ဖြစ်သူအား အော်ခေါ်ကာ ခြံထဲသို့ပြန်ဆင်းသွားလေသည်။

အာကာဟူသည့် နာမည်ကြောင့် သူရိယမျက်နှာ သုန်မှုန်သွားသည်ကို တိမ်ယံရှင်းသတိထားမိလိုက်၏။
"နာမည်တူတာဖြစ်မှာပါ မင်းကလည်း"

အိမ်အပေါ်ထပ်မှ လူငယ်တစ်ဦးဆင်းလာပြီး သူတို့နှင့် မလှမ်းမကမ်းကခုံတွင် ဝင်ထိုင်လိုက်သည်။ ထိုသူက ပြုံးစစမျက်နှာပေးဖြင့် သူရိယအား ကြည့်နေလေ၏။

Crimson Book[Ongoing]Where stories live. Discover now