[Unicode]
အချိန်မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ။ ဆည်းဆာနိုးလာသည်နှင့် အခန်းထဲ ဝေ့ဝဲကြည့်ရာ မလှမ်းမကမ်းက ခုံတွင်ထိုင်နေသည့် နက္ခတ်အား တွေ့လိုက်ရ၏။ခုံပေါ်မှာအိပ်ပျော်သွားတာပါ ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ
ဆည်းဆာက သူမ ခုံပေါ်တွင်အိပ်ပျော်သွားပြီး သလွန်ပေါ်မှ နိုးလာသည်ကို အထူးအဆန်းဖြစ်လို့နေ၏။
"နိုးရင်လည်း ထတော့၊ ကိုယ်တော်တို့ ခရီးထွက်ရမယ်"
"ဟမ်...ကျွန်မရောလား"
"အင်း..."
နက္ခတ်က အင်းဟုသာ အသံပြုကာ ဆည်းဆာ အနီးတွင် ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်သည်။ ဆည်းဆာ၏ ညာဘက်လက်ကောက်ဝတ်အား အပ်ချည်ကြိုးခန့်သာရှိသည့် ငွေရောင်ကြိုးမျှင်လေးနှင့် ချည်နှောင်ကာ ကျန်အနားစတစ်ဖက်အား သူ၏ဘယ်ဘက်လက်ကောက်ဝတ်တွင် ချည်နှောင်လိုက်၏။ ထိုငွေကြိုးမျှင်လေးက အရောင်များလင်းလက်လာပြီး တဖြည်းဖြည်းမှိန်ဖျော့ ပျောက်ကွယ်သွားတော့သည်။ ဆည်းဆာက မျက်လုံးဝိုင်းလေးများဖြင့် ပါးစပ်အဟောင်းသားဖြစ်ကာ အံ့သြလို့နေ၏။
"အဲ့ဒါဘာလေးလဲ"
"ဒါနဲ့ဆိုရင် အသင်လမ်းပျောက်သွားမှာ စိုးရိမ်စရာမလိုတော့ဘူး"
"မိုက်တယ်"
နက္ခတ်က ထိုင်နေရာမှထကာ အနီရောင် ကတ္တီပါအိတ်တစ်လုံးအား ဆည်းဆာထံ ကမ်းပေးလိုက်၏။
"ဒါကရော ဘာလေးလဲ"
"ရေဘူးပါ၊ လမ်းမှာမောရင် သောက်လို့ရအောင်"
ဆည်းဆာက ထိုအိတ်တွင်ပါသည့်ကြိုးအား စုချည်ကာ ကျောပိုးအိတ်ကဲ့သို့လွယ်လိုက်သည်။
"သွားရအောင်"
နက္ခတ်၏ဦးဆောင်မှုဖြင့် နှစ်ယောက်သားမြို့တော်ကြီးထဲမှ ထွက်ခဲ့၏။ မြို့တော်၏ ပင်မလမ်းမကြီးပေါ်မှ လျှောက်နေရင်း ဆည်းဆာကမကျေမနပ်ဖြင့် စကားဆိုလာသည်။
"နတ်မိစ္ဆာအရှင် နယ်စားမင်းက စီးဖို့တစ်ခုခုတောင်မရှိဘူးလား"
"လိုမှမလိုအပ်တာ"
ရုတ်တရက် နက္ခတ်၏ သန်မာလှသည့် လက်မောင်းတစ်ဖက်က ဆည်းဆာ၏ခါးသွယ်သွယ်အားဖက်ကာ...
"သေချာကိုင်ထား"
YOU ARE READING
Crimson Book[Ongoing]
Fantasyဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးသက်သက်မျှသာဖြစ်ကြောင်း။ Started:1.7.2024 "ကိုယ့်ရဲ့အရှင် S-3" 📜Story Description📜 နမော်နမဲ့နိုင်လွန်းလှတဲ့MCတစ်ဦးဟာဆိုရင်ဖြင့် ရှေးဟောင်းစာအုပ်ထဲမှာချုပ်နှောင်ခြင်းခံထားရတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကို မတော်တဆလွှတ်ပေး...