Part-15

253 30 10
                                    

[Unicode]
တိမ်ယံရှင်း၊သူရဇ္ဇနှင့် နက္ခတ်တို့က လွတ်သွားသည့် ရာဇာသက္ကအား ပြန်လည်ဖမ်းဆီးရန် ဆွေးနွေးတိုင်ပင်နေကြ၏။ ဆည်းဆာကတော့ ဘာမှနားမလည်သဖြင့် သူတို့ပြောသမျှကိုသာ မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့် လိုက်နားထောင်နေလေ၏။

"ကိုကြီးတိမ်ယံတို့က ဒီဒီ့ကိုပြန်လာခေါ်တာမဟုတ်ဘူးလား"

"အရင်ဆုံး နင်‌လွှတ်ပေးလိုက်တဲ့ မကောင်းဆိုးဝါးကောင်ကို ပြန်ဖမ်းရဦးမယ်"

"မဖမ်းရင် ဘာဖြစ်မှာလဲ"

"သေခြင်းဆိုးလေးတွေ များလာမှာပေါ့"

တိမ်ယံရှင်းက မကျေမနပ်ဖြင့် ဆည်းဆာအား ခပ်ရွဲ့ရွဲ့ပြောလိုက်သည်။ အစကတော့ ဆည်းဆာကို နက္ခတ်လို နတ်မိစ္ဆာတစ်ဦးလက်ထဲ မထည့်နိုင်ချေ။ ယခုတွင်တော့ နက္ခတ်ကပင်ပို၍ သနားစရာကောင်းနေသယောင်။

"ဆိုတော့ကာ...ကျုပ်တို့ ရာဇာသက္ကကို ရှာမှဖြစ်မယ်၊ ဒီကောင်က ဘယ်နေရာတွေမှာ ပုန်းအောင်းနေလဲ ကျုပ်တို့မသိဘူး၊ အဲ့တော့ နယ်စားမင်းက အပလောကမှာရှာပါ၊ ကျုပ်တို့က လူ့လောကမှာရှာမယ်"

တိမ်ယံရှင်း၏အပြောကြောင့် နက္ခတ်က ဆည်းဆာအား တစ်ချက်ကြည့်လိုက်ရင်း...

"ကလေးမကို ကိုယ်တော့်ဆီထားခဲ့မယ်ဆိုရင် အသင်ပြောတာ လက်ခံပေးမယ်"

"ဟ ခင်ဗျား စျေးကိုင်လှချည်လား"

"ကိုယ်တော်ပြောတာ လက်မခံရင်လည်း အသင့်သဘောပါ၊ ဖုန်းဆိုးတောလို မြေကြမ်းတဲ့နေရာတွေက အသင်တို့လို ဝိညာဥ်ဖြူတွေ မသွားနိုင်ဘူး၊ ရာဇာသက္က က အဲ့ဒီမှာလည်း ရှိနိုင်တာပဲလေ"

"နတ်မိစ္ဆာအရှင်ပြောတာမှန်တယ်၊ အဲ့ဒီလိုနေရာတွေအထိက နတ်မိစ္ဆာတွေပဲသွားနိုင်တာ၊ ရာဇာသက္ကကို ဖမ်းဖို့က နတ်မိစ္ဆာအရှင်ရဲ့ ပူးပေါင်းမှု အများကြီးလိုအပ်တယ်"

သူရဇ္ဇဝင်ထောက်ပေးလိုက်တော့မှ တိမ်ယံရှင်းက မချိုမချဥ်မျက်နှာပေးဖြင့် နက္ခတ်အားကြည့်ကာ...

"ကောင်းပြီလေ ခင်ဗျား ကတိတော့ပေးရမယ်"

"ပြောပါ ကိုယ်တော်နားထောင်နေတယ်"

Crimson Book[Ongoing]Where stories live. Discover now