[Unicode]
အဂ္ဂသည် ထိတ်လန့်တုန်လှုပ်လျက်ရှိနေသည့် မင်းခအား လွန်စွာဂရုစိုက်လျက်ရှိနေပေ၏။ အိမ်တော်သို့ပြန်ရောက်သည်နှင့် တိမ်ယံရှင်းနှင့်သူရဇ္ဇမှာ အပလောကသို့ အလျင်စလိုထွက်ခွာသွားကြသဖြင့် မင်းခအားစောင့်ရှောက်ရန် သူ့အားတာဝန်ပေးခဲ့ခြင်းပင်။ယခုတွင်တော့ အဂ္ဂ၏အိမ်တွင်ဖြစ်သည်။
မင်းခမှာ အလွန်အမင်းအော်ဟစ်ခြင်းမပြုတော့သော်လည်း သူ၏မျက်လုံးများမှာ မတည်ငြိမ်သေးပေ။ ပတ်ဝန်းကျင်အား ကျီးကန်းတောင်းမှောက်ကြည့်ကာ စိတ်မလုံခြုံမှုကို ခက်ခက်ခဲခဲခံစားနေရပုံပေါ်သည်။"မင်းဒီမှာလုံခြုံပါတယ်"
အဂ္ဂက မင်းခ၏ ပုခုံးအားခပ်ဖွဖွပုတ်ကာ နှစ်သိမ့်လိုက်ခြင်းပင်။"ကြောက်တယ်"
"အဆင်ပြေသွားမှာပါ၊ ကိုယ်ရှိတယ်"
အဂ္ဂက မင်းခအား စိတ်ငြိမ်ဆေးတိုက်ထားလိုက်၏။ ဆေးအရှိန်ကြောင့် မင်းခမျက်လုံးများမှေးစင်းလာကာ ဆိုဖာပေါ်တွင် လှဲချကာ အိပ်ပျော်သွားတော့သည်။
အိပ်မောကျနေသည့် မင်းခအား အဂ္ဂက ပွေ့ချီကာ သူ၏ကုတင်ပေါ်သို့အသာအယာချပြီး စောင်သေချာခြုံပေးလိုက်၏။
နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် မင်းခကိုငေးကြည့်ရင်း ဆည်းဆာ၏စကားများက သူ့အတွေးများထဲ ပြန်ပေါ်လို့လာသည်။မင်းခ၏ ဖြူနုနုပါးပြင်ပေါ်မှ သွေးကြောစိမ်းများအား လက်ချောင်းထိပ်ဖြင့် အသာအယာထိတွေ့ကာ အတွေးနယ်ချဲ့နေမိသည်။
ဆည်းဆာပြောသကဲ့သို့ပင် တကယ်ချစ်နိုင်မှ ရှေ့ဆက်တိုးတာက မှန်ကန်သည့်လုပ်ရပ်ဖြစ်လိမ့်မည်။
ဒီကောင်လေးအား တကယ်ချစ်နိုင်၊မချစ်နိုင် မရေရာဖြစ်နေသည့်သူ့ခံစားချက်ကို ဆန်းစစ်ရန် ယခုအခွင့်အရေးရနေလေပြီ။
သေချာတာတစ်ခုကတော့ ဒီကောင်လေးနှင့် ပတ်သက်လျှင် သူ့စိတ်ကတကယ်ပင် ဆတ်ဆတ်ထိမခံဖြစ်လို့နေသည်။* * * * * * * * * *
သူရဇ္ဇနှင့်တိမ်ယံရှင်းတို့ နန်းတော်ကြီးဆီသို့ တစ်ခေါက်ပြန်လည်ရောက်ရှိလာကြပြီဖြစ်သည်။ တိမ်ယံရှင်းမှာ ပြည့်ရှင်မင်းတစ်ပါး၏ အဆောင်အယောင်နှင့်ဖြစ်ကာ
သူရဇ္ဇမှာလည်း ကိုယ်ရံတော်တပ်မှူးဆိုသည့် ဂုဏ်ပုဒ်နှင့်ကိုက်ညီစွာဆင်ယင်လျက် လက်စွဲတော်ငှက်ကြီးတောင်ဓားအား မြဲမြံစွာဆုပ်ကိုင်ထားလေ၏။
သူတို့နှစ်ယောက်၏ဦးတည်ရာသည်ကား
နတ်မိစ္ဆာမြို့တော်ဖြစ်သည့် နက္ခတ်၏ ပိုင်နက်နယ်မြေသို့ဖြစ်သည်။
YOU ARE READING
Crimson Book[Ongoing]
Fantasyဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးသက်သက်မျှသာဖြစ်ကြောင်း။ Started:1.7.2024 "ကိုယ့်ရဲ့အရှင် S-3" 📜Story Description📜 နမော်နမဲ့နိုင်လွန်းလှတဲ့MCတစ်ဦးဟာဆိုရင်ဖြင့် ရှေးဟောင်းစာအုပ်ထဲမှာချုပ်နှောင်ခြင်းခံထားရတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကို မတော်တဆလွှတ်ပေး...