💕 - 11

1.3K 54 3
                                    

✍️ Unicode

" ရော့ ဒီမှာ မင်းအတွက် ဝက်အူနုသုပ်ထားတာ…… "

မောင်ကဝက်အူနုကိုပြုတ်ပြီးသုပ်ထားတဲ့ပန်းကန်ကို နေမင်းခန့်နားချပေးတော့ သားနဲ့သမီးကလှမ်းကြည့်တယ်။စားချင်နေတဲ့အရိပ်အယောင်တွေနဲ့ မျက်လုံးလေးတွေကအရောင်တောက်လို့နေကြတယ်။

စားလည်းစားချင်စရာပဲ။ကြက်သွန်နီနိုင်းချင်းမှာငရုပ်သီးစိမ်းလေးတွေလှီးထည့်ပြီး အချဉ်နဲ့သုပ်ထားတာကိုး။နံနံပင်နံ့နဲ့သံပုရာသီးအနံ့ကကိုစားချင်စိတ်ကိုထိုးဆွနေကြတော့တာမျိုး။

မောင်ကကြက်သားနဲ့ငါးကလွဲရင်မစားဘူး။ဘိုးညီလည်းဒီလိုပဲ။ကြက်သားနဲ့ငါးပဲစားတာ။နေမင်းခန့်ကတော့အသားထဲမှာဝက်သားအကြိုက်ဆုံး။ဒါပေမဲ့ မောင်မစားလို့နေမင်းခန့်လည်းဝက်သားမစားဖြစ်တာတော်တော်ကြာပါပြီ။

" ဒီမှာသားနဲ့သမီးအတွက်ကြက်သား…… "

မောင်ကကြက်သားကိုသားနဲ့သမီးရဲ့ထမင်းပန်းကန်ထဲထည့်ပေးတယ်။ဘဝကိုသုညကိုစခဲ့ရတာမို့မောင်ကအရာရာကိုစည်းစနစ်တကျရှိတယ်။

အသားဟင်းကိုစားချင်တိုင်းမစားရဘူး။ဘိုးညီအတွက် သပ်သပ်တစ်ခွက်ခူးပေးပြီး ကျန်တာကိုဝေပုံကျနဲ့ပဲစားရတယ်။တစ်မိသားစုလုံးတစ်ယောက်ကိုနှစ်တုံးဆိုနှစ်တုံးပဲ။

ဘိုးညီက သူလည်းဝေပုံကျပဲစားမယ်လို့ပြောပေမဲ့ မောင်ကမစားခိုင်းပါဘူး။ဘိုးညီအတွက်တော့ကြက်သားနဲ့ငါးကိုတစ်လှည့်စီအဆင်ပြေအောင်ချက်ပြီး ခွက်နဲ့ပဲခူးပေးတာပါ။

ဘိုးညီကလွဲရင်တော့ မောင်အပါအဝင်အားလုံးဝေပုံကျပဲ။အသားဟင်းကိုနေ့တိုင်းစားရမယ်။ဒါပေမဲ့လိုအပ်သလောက်ပဲတဲ့။ဒါကမောင့်လက်သုံးစကား။အသီးအရွက်ကိုများများစားတာကျန်းမာရေးနဲ့ညီညွတ်တယ်လို့လည်းပြောတတ်သေးတယ်။

ဘယ်သူမှအထွန့်တက်နေကြတာတော့မဟုတ်ပါဘူး။မောင်ဝေပေးတဲ့အတိုင်းစားလိုက်ကြတာပါပဲ။အသားဟင်းကလွဲရင်ကျန်တဲ့ဟင်းရံတွေကိုတော့ပိုပိုသာသာချက်ပါတယ်။အသားဟင်းကလည်းဝေပုံကျဆိုပေမဲ့အတုံးခပ်ကြီးကြီးတုံးထားတာမို့စားလောက်ပါတယ်။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now