✍️ Unicode
မြတမာမှာလင်းနေတဲ့လမင်းကြီးကရွှန်းစိုလို့။ရွာလယ်လမ်းမတွေပေါ်အထိရောက်လာတဲ့လမင်းရဲ့အလင်းရောင်တွေက နင်းလျှောက်သွားမဲ့သူတွေကိုကျောခင်းပေးနေတဲ့အလား။
လမ်းမပေါ်မှာလရောင်တွေကိုနင်းလာသူတွေကနေမင်းခန့်တို့အဖွဲ့။ရှေ့ဆုံးကအရီးထွေးညို။လက်ဖက်ထည့်ထားတဲ့ယွန်းအုပ်ကြီးကိုခေါင်းပေါ်ရွက်လို့။
အဲဒီနောက်ကမှဘိုးညီ။ဘိုးညီနောက်ကမှ နေမင်းခန့်တို့မိသားစု။နေမင်းခန့်တို့မိသားစုနောက်ကမှ ဆိုင်ကကလေးတွေ။လူတွေအကုန်လုံးကပျော်ရွှင်တက်ကြွလို့။မျက်နှာပေါ်မှာလည်းအပြုံးတွေကိုယ်စီသယ်ဆောင်လာကြသေး။
ဒီနေ့ညက အေးသီကိုအတောင်းသွားကြတာ။ပြောရရင်မိန်းမတောင်းသွားတာပေါ့။ဆိုင်မှာနေကြတဲ့ကလေးတွေထဲကအောင်မိုးဆိုတဲ့ကလေးနဲ့ အေးသီနဲ့က ရည်ငံနေကြတာကြာပြီဆိုပဲ။
ရည်ငံနေကြတယ်ဆိုပေမဲ့ အေးသီကလည်းအနေအထိုင်ကခပ်အေးအေးခပ်ရိုးရိုး၊အောင်မိုးကလည်းဟော့ဟော့ရမ်းရမ်းမဟုတ်တဲ့အခါ အောင်မိုးနဲ့အေးသီကြိုက်နေကြတာကို ကလေးတွေတောင်အကုန်သိကြဟန်မတူဘူး။
အောင်မိုးကအေးပါတယ်။မိဘတွေမရှိကြတော့ဘူး။သူပိုင်တဲ့လယ်ယာအကွက်လေးတွေကို သီးစားချပေးထားပြီးသူကတော့ဆိုင်မှာလာလုပ်နေတာ။မသောက်မစားရိုးရိုးအေးအေးနဲ့ပျော်ပျော်နေတတ်တဲ့သူ။
အခုသွားနေကြတာ အောင်မိုးအတွက်အေးသီကို အဖွားအေးညိုဆီမှာ တောင်းပေးဖို့သွားနေကြတာ။မိဘမရှိတော့တဲ့အောင်မိုးအတွက် ဘိုးညီကမိဘနေရာကလိုက်လာပေးရတာပေါ့လေ။နေမင်းခန့်နဲ့မောင်ကတော့ အောင်မိုးရဲ့အုပ်ထိန်းသူနေရာကပေါ့။
မတောင်းခင်အရင်နေ့ကတည်းက အဖွားအေးညိုကိုသွားမေးထားပြီးသားပါ။မြတမာရဲ့ဓလေ့အရ မိန်းမအတောင်းမသွားခင် မိန်းကလေးအိမ်ကိုမိန်းမတောင်း လာရ မလာရ အရင်သွားမေးထားရသေးတာ။မိန်းကလေးရှင်ဘက်က အတောင်းလာခဲ့ပါဆိုတော့မှမိန်းမတောင်းသွားကြရတာမျိုး။
မေးတဲ့နေ့မှာတစ်ခါတည်း တင်တောင်းငွေကိုမေးခဲ့ကြရတာ။ပြောရရင်တော့အမေ့နို့ဖိုးကန်တော့ငွေပေါ့။အဲဒီနေ့မှာပြောလိုက်တဲ့တင်တောင်းငွေကများလွန်းရင် တကယ်သွားတောင်းတဲ့နေ့မှာညှိကြ၊ပြောကြရတာမျိုး။
![](https://img.wattpad.com/cover/352031470-288-k557004.jpg)
YOU ARE READING
💕 မင်း ချစ်တဲ့ မောင်
Fantasyပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆိုတာ အပြန်အလှန်နားလည်ပေးတဲ့စိတ်နဲ့ တစ်ဦးကတစ်ဦးကိုစိတ်ချမ်းသာစေခြင်းပါပဲ။ yawthawemaung ပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆို...