✍️ Unicode
ကြယ်စင်တွေပြိုးပြိုးပျက်ပျက်နဲ့အမှောင်ဝတ်ရုံကိုလွှမ်းခြုံထားတဲ့ညကမ္ဘာဟာ လရောင်ရဲ့အောက်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျလို့နေတယ်။
ဝိုင်းစက်နေတဲ့လမင်းကြီးကတော့ လပြည့်ညရဲ့အမှတ်တံဆိပ်တစ်ခုအဖြစ်နဲ့သက်သေပြနေသလားပဲ။။လရောင်ဝါဝါတွေကတော့သစ်ရွက်ကလေးတွေပေါ်မှာပြေးလွှားဆော့ကစားလို့ပေါ့။
အမှောင်ထဲကိုတိုးတိုးတိတ်တိတ်ဝင်လာတဲ့လေပြေညင်းတွေကသစ်ရွက်ကလေးတွေကြားအရောက်မှာတော့ သူတို့ရဲ့ခြေသံတွေကိုလုံအောင်မပုန်းနိုင်ကြတော့ဘူး။
သစ်ရွက်တွေအောက်မှာအိပ်ပျော်နေကြတဲ့ပန်းပွင့်လေးတွေကလေပြေညင်းတွေရောက်လာတိုင်းခိုးခိုးခစ်ခစ်နဲ့ထရယ်ကြတယ်။လေပြေညင်းတွေထွက်သွားတဲ့အခါနောက်တစ်ခါအိပ်သွားကြပြန်ပါလေရော။
အမှောင်တွေကြီးစိုးမှထွက်လာတတ်တဲ့ပိုးစုန်းကြူးလေးတွေကတော့လိုက်တမ်းပြေးတမ်းဆော့လို့ကောင်းနေကြတုန်း။
တစ်နေ့လုံးခွဲခွာနေခဲ့ကြရတဲ့စွယ်တော်ရွက်ကလေးတွေလည်း အခုမှညအမှောင်အောက်မှာချစ်တင်းနှောလို့ကောင်းနေကြတုန်း။
အုန်းလက်တွေအောက်မှာတွဲလောင်းခိုနေကြတဲ့စာဘူးတောင်းအသိုက်ထဲကငှက်ကလေးတွေလည်း လေတစ်ချက်ဝေ့လိုက်တိုင်းစိုစိုးစီစီနဲ့။ချမ်းရှာကြလေသလားတော့မသိ။
စာဘူးတောင်းအသိုက်ကလေးတွေမှာတောင်မှနှစ်မျိုး။အဖိုကောင်လေးတွေနေတဲ့အသိုက်ကတစ်မျိုး။အမကောင်လေးတွေနေတဲ့အသိုက်ကတစ်မျိုး။
အဖိုကောင်လေးတွေနေတဲ့အသိုက်ရဲ့ဝင်ပေါက်ကနှစ်ပေါက်လိုမျိုး။အလယ်မှအကန့်လေးနဲ့။အဲဒီအကန့်လေးပေါ်မှာမှစာဘူးတောင်းကလေးကတက်အိပ်တာဆိုပဲ။
အမကောင်လေးတွေနေတဲ့အသိုက်ကကြတော့ဝင်ပေါက်ကတစ်ပေါက်တည်း။ဒါပေမဲ့အဖိုကောင်လေးတွေရဲ့အသိုက်လိုအောက်ကိုတစ်ဖြောင့်တည်းမဟုတ်ဘူး။
အဝင်ပေါက်အဆုံးနားမှာဗိုက်ကြီးသည်ရဲ့ဗိုက်လိုဖောင်းဖောင်းလေးရှိသေးတာ။အဲဒီနေရာလေးမှာဥဥကြတာတဲ့။စနစ်ကျချက်များ။တစ်ကောင်ကိုအသိုက်တစ်ခုစီခွဲနေတဲ့စာဘူးတောင်းလေးတွေဘယ်အချိန်မှာအတူတူအိပ်ကြတာပါလိမ့်။

YOU ARE READING
💕 မင်း ချစ်တဲ့ မောင်
Fantasiပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆိုတာ အပြန်အလှန်နားလည်ပေးတဲ့စိတ်နဲ့ တစ်ဦးကတစ်ဦးကိုစိတ်ချမ်းသာစေခြင်းပါပဲ။ yawthawemaung ပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆို...