💕 - 30

852 37 0
                                    

✍️ Unicode

" ဘရာစီယာရှိသလားကွဲ့… "

ရုတ်တရက်နေမင်းခန့်မျက်လုံးပြူးသွားမိတယ်။လာမေးတဲ့သူကအသက်ခုနစ်ဆယ်လောက်ရှိမဲ့အဖွားတစ်ယောက်။နေမင်းခန့်ကသာပြူးပြူးပျာပျာဖြစ်နေပေမဲ့အဖွားကတော့အေးအေးဆေးဆေး။

ဒီနေ့မှမောင်ကလည်းမရှိဘူး။ကျောင်းကမိဘဆရာအသင်းအစည်းအဝေးကိုသွားနေတာ။ နေ့လည်နေ့ခင်းဆိုတော့ဆိုင်မှာကလည်းနေမင်းခန့်တစ်ယောက်တည်း။

" ခဏနော်အဖွား… "

" အေးအေး… "

" အေးသီရေ နင့်ဆိုင်မှာဘရာစီယာရှိသလားဟ… "

ဆိုင်ရှေ့ကိုထွက်ပြီးအေးသီဆီကိုလှမ်းအော်မေးလိုက်တော့ အေးသီကမျက်လုံးပြူးကြီးနဲ့လှမ်းကြည့်တယ်။

" ဘယ်ကဘရာစီယာတွေလဲ… ဘော်လီပဲရှိတယ်… "

အေးသီအသံကဆောင့်ဆောင့်အောင့်အောင့်။သူ့ကိုအသံအကျယ်ကြီးနဲ့မေးလို့နေမှာပေါ့။တောဘက်တွေမှာကဒီလိုပဲ။ဘော်လီတို့ဘာတို့ဝယ်ရင်တိုးတိုးတိတ်တိတ်ဝယ်ကြတာ။

မိန်းမအသုံးအဆောင်တွေနဲ့ပတ်သက်လာရင်ရှက်စရာကောင်းတယ်လို့ယူဆထားကြတာ။ယောက်ျားလေးတွေဝတ်တဲ့အတွင်းခံဘောင်းဘီတောင်လူမမြင်အောင်လှမ်းကြတဲ့အရပ်။

" လာစမ်းပါဦးဟ… ဒီမှာအဖွားက ဘရာစီယာလိုချင်လို့တဲ့… "

" အဲဒီအစ်ကိုလေးကလေ တကယ်ရှုပ်ရှုပ်ယှက်ယှက်… "

အေးသီကစက်ချုပ်ခုံကထလာတယ်။စက်ချုပ်နေရာကထလာရလို့နေမင်းခန့်ကိုသိပ်မကြည်ပုံပါပဲ။

" အူတူတူကောင်တော့ ဘာတွေလွဲဦးမလဲပဲ… "

အရီးထွေးညိုက စားပွဲဝိုင်းမှာညနေကြော်ဖို့ဘူးသီးလှီးရင်းကလှမ်းအော်တယ်။အရီးထွေးညိုဘူးသီးလှီးတဲ့နားမှာစုထိုင်ပြီးရေနွေးသောက်နေကြတဲ့ကျန်ဈေးသည်တွေကလည်းနေမင်းခန့်ကိုလွဲပြန်တော့မယ်ဆိုတဲ့အကြည့်နဲ့ပြုံးရင်းကြည့်လို့။

" အဖွား… ဒီဆိုင်မှာကဘရာစီယာတွေဘာတွေမရောင်းဘူး… ဘော်လီလိုချင်ရင်တော့အဖွားတို့ဝတ်သလိုမျိုးတွေသမီးဆိုင်မှာရှိတယ်… သမီးရဲ့ဆိုင်ကိုလိုက်ခဲ့နော်အဖွား… "

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now