✍️ Unicode
ကျောင်းစိမ်းကျောင်းဖြူဝတ်စုံဝတ်ထားတဲ့သားငယ်ကသူ့ကိုယ်သူအထူးအဆန်းတစ်ခုလိုလှည့်ပတ်ကြည့်ရင်းသဘောကျနေတယ်။အင်္ကျီအဖြူလက်ရှည်ကိုကိုင်ကြည့်လိုက်၊ကျောင်းစိမ်းဘောင်းဘီရှည်ကိုမကြည့်လိုက်နဲ့မနေတတ်မထိုင်တတ်ဖြစ်နေပုံပါပဲ။
ကျောင်းတက်ရတော့မဲ့သားငယ်ကအင်္ကျီအသစ်ဘောင်းဘီအသစ်ဝတ်ပြီးစိတ်လှုပ်ရှားနေပေမဲ့ ကျောင်းမတက်ရသေးတဲ့သမီးကတော့ကျောပိုးအိတ်ကိုလွယ်ပြီးအဆင်သင့်တောင်ဖြစ်လို့နေပြီ။
အေးသီကသမီးအကြောင်းကိုသိပြီးသားမို့သားငယ်အတွက်ကျောင်းစိမ်းကျောင်းဖြူချုပ်ရင်းသမီးအတွက်ပါတစ်ခါတည်းချုပ်တယ်။
ချုပ်ပေးလို့အဆင်ပြေသွားသေးတာ။ဒါမှမဟုတ်ရင်သူ့အစ်ကိုကိုကြည့်ပြီးဘယ်လောက်တောင်ဂျီကျနေဦးမလဲမသိဘူး။ကျောပိုးအိတ်ကလည်း မောင်ကဆင်တူဝယ်ပေးထားတာဆိုတော့သမီးစိတ်ထဲမှာကျေနပ်နေပုံပါပဲ။
" ကဲ သွားကြတော့လေ… ဒီနေ့မှကျောင်းအပ်ရမှာကိုနောက်ကျနေဦးမယ်… "
" ဟင် ဖေမင်းကမလိုက်ဘူးလား… "
နေမင်းခန့်ပါလိုက်မယ်လို့ထင်ထားဟန်တူတဲ့သားမျက်နှာကချက်ချင်းညိုးကျသွားတယ်။အရီးထွေးညိုပါရေနွေးပွဲပို့ရင်းလိုက်မှာမို့နေမင်းခန့်ကအိမ်စောင့်နေခဲ့မလို့စဉ်းစားထားတာ။
ဒီပုံစံအတိုင်းဆိုနေမင်းခန့်ပါမလိုက်တဲ့အတွက်သားကတစ်နေ့လုံးစိတ်မကောင်းဖြစ်တော့မှာထင်ပါရဲ့။
" ကဲပါ ခဏပဲဟာကို… မင်းပါလိုက်ခဲ့လိုက်… "
မောင့်စကားအဆုံးမှာအိမ်ပေါ်တက်ပြီးခပ်လတ်လတ်ပုဆိုးနဲ့အင်္ကျီကိုလဲလိုက်တယ်။ပြီးမှအောက်ကိုပြန်ဆင်းလာတော့အရီးထွေးညိုတောင်ရေနွေးပွဲခေါင်းပေါ်ရွက်လို့အဆင်သင့်ဖြစ်နှင့်ပြီ။
ကလေးတွေကျောင်းစအပ်ကြတဲ့အခါတိုင်းမိဘတွေကကျောင်းကဆရာဆရာမတွေကိုရေနွေးပွဲပို့ကြတာဒီရွာရဲ့ထုံးစံလိုပဲတဲ့။
ဒီလိုနဲ့ပဲအရီးထွေးညိုကသူ့မြေးကျောင်းစအပ်တဲ့နေ့မှာရေနွေးပွဲကိုသူတာဝန်ယူတာ။နေမင်းခန့်တို့ဆိုင်ကမုန့်တွေ့မထည့်ဘဲသူ့ဆိုင်ကအကြော်တွေနဲ့မုန့်ဟင်းခါးတွေကိုသုပ်ပြီးယူလာတာ။

YOU ARE READING
💕 မင်း ချစ်တဲ့ မောင်
Fantasiပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆိုတာ အပြန်အလှန်နားလည်ပေးတဲ့စိတ်နဲ့ တစ်ဦးကတစ်ဦးကိုစိတ်ချမ်းသာစေခြင်းပါပဲ။ yawthawemaung ပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆို...