✍️ Unicode
" လေးထပ်မြောက်ငရဲကတော့ ယောရုဝ ငရဲတဲ့…… "
ဒီတရားတော်ကိုမောင်ကတမင်ဟောခိုင်းတာပဲလား၊ဒါမှမဟုတ်ဆရာတော်ကပဲဟောချင်လို့ဟောတာလားတော့မသိဘူး။ဆောင်းဘောက်ကြီးတွေကနေပြီး ငရဲအကြောင်းတရားတော်က အိမ်ဝိုင်းတစ်ခုလုံးပျံ့လွင့်လို့နေတယ်။
ခဏခဏနာဖူးလို့ရိုးသွားတာမျိုးတော့မဟုတ်ပါဘူး။မောင်ပြောသလိုပဲငရဲအကြောင်းကိုခဏခဏကြားရလွန်းလို့လားလည်းမသိဘူး။အကုသိုလ်တစ်ခုခုလုပ်မိတော့မယ်ဆိုရင်လူကအလိုလိုလက်တွန့်လာတယ်။
" အဲဒီရောရုဝငရဲကိုပဲဇာလယောရုဝငရဲလို့လည်းခေါ်သေးတယ်… အဲဒီငရဲမှာဆိုရင် ငရဲပြင်ကြီးတစ်ခုလုံးမှာမီးတောက်မီးလျံကြီးတွေကတဝုန်းဝုန်းတောက်လောင်နေကြတယ်တဲ့… အဲဒီမီးတောက်ကြီးတွေထဲမှာ ငရဲခံရမဲ့ငရဲသူငရဲသားတွေဟာပြည့်ကျပ်ထိညပ်လို့နေကြရတယ်… ကယ်ပါယူပါတစာစာအော်နေကြရတယ်တဲ့… "
ဆရာတော်ကတရားဟောကောင်းတာမို့ ငရဲပုံသဏ္ဍာန်ဟာမျက်စိထဲကွက်ကွက်ကွင်းကွင်းမြင်လာစေတယ်။
" မီးတောက်ကြီးတွေကလည်း ငရဲသားတွေရဲ့ခန္ဓာကိုယ်အပြင်ဘက်ကတင်လေးလောင်တာမဟုတ်ဘူးတဲ့… ငရဲသားတွေရဲ့ဒွါရကိုးပေါက်ကနေပြီးခန္ဓာကိုယ်အထဲထိမီးလျှံတွေကဝင်ပြီးတောက်လောင်ကြတယ်တဲ့… "
ခဏခဏကြားရပေမဲ့ကြားရတိုင်းကြက်သီးထပြီးကြောက်လန့်ရတာဒီငရဲအကြောင်းတရားပါပဲ။
" အဲဒီယောရုဝငရဲရဲ့သက်တမ်းကအနှစ်လေးထောင်တောင်ကြာတယ်… လူ့သက်တမ်းနဲ့တွက်ရင် ငရဲတစ်ရက်ဟာ လူ့သက်တမ်းငါးဆယ့်ခုနစ်ကုဋေအနှစ်ခြောက်သန်းတောင်ကြာတယ်တဲ့… "
အိမ်ဝိုင်းတစ်ခုလုံးမဏ္ဍပ်ကြီးထိုးထားတဲ့အာက်မှာတရားနာနေကြတဲ့သူတွေဆီကအသံလေးတစ်ချက်တောင်မကြားရပါဘူး။အားလုံးကတိတ်တိတ်ဆိတ်ဆိတ်နဲ့တရားနာနေကြတယ်။
နေမင်းခန့်တို့ကသာဒီငရဲအကြောင်းတရားကိုခဏခဏနာဖူးနေပေမဲ့ တရားနာပရိတ်သတ်ကတော့အခုမှနာဖူးကြတာမို့ထင်ရဲ့။စိတ်ဝင်တစားနဲ့တရားနာယူနေကြတယ်။

YOU ARE READING
💕 မင်း ချစ်တဲ့ မောင်
Fantasyပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆိုတာ အပြန်အလှန်နားလည်ပေးတဲ့စိတ်နဲ့ တစ်ဦးကတစ်ဦးကိုစိတ်ချမ်းသာစေခြင်းပါပဲ။ yawthawemaung ပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆို...