✍️ Unicode
" ဖြစ်ပြီးခဲ့တဲ့အတိတ်တွေ၊နောက်ဘဝတွေကိုငါမုန်းတယ်… နောက်ဘဝဆိုတဲ့အရာကိုပြန်ပြီးမှတ်မိနေတဲ့ငါ့မှတ်ဉာဏ်တွေကိုလည်းငါမုန်းတယ်… ငါ့အပေါ်ကိုဆိုးဆိုးရွားရွားအနိုင်ယူကလဲ့စားချေခဲ့တဲ့မင်းကိုလည်းငါမုန်းတယ်… မင်းကိုဘယ်လိုမှမမုန်းနိုင်ဘဲ အစွဲအလန်းကြီးကြီးနဲ့ချစ်နေမိတဲ့ ငါ့ကိုယ်ငါလည်းမုန်းတယ်… "
" ဒီဘဝမှာတော့ မင်းကိုငါသေချာစောင့်ကြည့်နေမယ်… မင်းကအရင်ဘဝလိုအချိုးမျိုးနဲ့ပြန်လာခဲ့တာဆိုရင် မကုန်နိုင်သေးတဲ့မင်းနဲ့ငါ့ရဲ့ရေစက်ကိုမပြတ်ပြတ်အောင် ငါကိုယ်တိုင်ရင်အနာခံပြီးဖြစ်ပစ်မယ် နေမင်းခန့်… "
" အရင်ဘဝတုန်းက မင်းပြောချင်ခဲ့တဲ့ မင်းကြားချင်ခဲ့တဲ့ ချစ်တယ်ဆိုတဲ့စကားကိုလွယ်လွယ်နဲ့မပြောမိအောင်ငါထိန်းသွားမယ်… အရင်ဘဝက ငါခံစားခဲ့ရသမျှကို မင်းကိုယ်ချင်းစာတတ်လာစေရမယ်… ကိုယ်ချစ်တဲ့သူဆီကချစ်ခြင်းတရားကိုမျှော်လင့်ရတာဘယ်လောက်တောင်ပင်ပန်းတယ်ဆိုတာမင်းသိလာစေရမယ်… ဒါကငါ့ ရဲ့လက်ကျန်ကျိန်စာပဲ… "
🍀 ရှင်းသန့်မောင်••••••••• မင်း ချစ်တဲ့ မောင် •••••••••
" ငါမင်းကိုချစ်တယ် ရှင်းသန့်မောင်… အရင်ဘဝကချစ်မပြခဲ့ရသမျှတွေအားလုံးစုပြီးချစ်ပြမယ်… အရင်ဘဝကလုပ်မပေးခဲ့ရတာတွေအားလုံးစုပြီးကြိုးစားပြမယ်… "
" မှတ်ဉာဏ်ထဲမှာကျန်နေသေးတဲ့အရင်ဘဝကမကောင်းတဲ့အရာတွေအားလုံးကိုငါမေ့ပစ်လိုက်မယ်… အရာရာကိုအသစ်ကပြန်စဖို့ကြိုးစားမယ်… မင်းကိုချစ်နိုင်သမျှတိုးတိုးပြီးချစ်မယ်… မင်းကိုစိတ်ချမ်းသာတာထက်ပိုပြီး စိတ်ချမ်းသာအောင်ထားမယ်… ဒီဘဝမှာတော့ ငါတို့မိသားစုလေးကိုစိတ်အချမ်းသာဆုံးအပျော်ရွှင်ဆုံးမိသားစုဖြစ်အောင်ငါကိုယ်တိုင်တည်ဆောက်မယ်… "
" မင်းရဲ့မှတ်ဉာဏ်ထဲမှာကျန်နေတဲ့ အရင်ဘဝက ငါ့ရဲ့ဆိုးရွားတဲ့ပုံရိပ်တွေကို ဒီဘဝမှာအကုန်ကြေပျက်သွားအောင်ငါချေဖျက်ပြမယ် ရှင်းသန့်မောင်… "
" ငါမင်းကိုအရမ်းချစ်တယ် မောင်… "
🍀 နေမင်းခန့်/
/Thanks a lot.
ချစ်သော
ယောသွေးမောင် 💕
yawthawemaung*******************************
✍️ Zawgyi
🍀 နေမင်းခန့်/
/Thanks a lot.
ချစ်သော
ယောသွေးမောင် 💕
yawthawemaung
![](https://img.wattpad.com/cover/352031470-288-k557004.jpg)
YOU ARE READING
💕 မင်း ချစ်တဲ့ မောင်
Фэнтезиပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆိုတာ အပြန်အလှန်နားလည်ပေးတဲ့စိတ်နဲ့ တစ်ဦးကတစ်ဦးကိုစိတ်ချမ်းသာစေခြင်းပါပဲ။ yawthawemaung ပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆို...