💕 - 38

517 21 0
                                    

✍️ Unicode

မနက်ဖြန်ဆိုသင်္ကြန်အကြိုနေ့။လိုင်းကားတွေနားကြပြီ။လမ်းမှာမဏ္ဍပ်တွေကနေရေတွေပက်တာ၊လမ်းပိတ်တာနဲ့ အသွားအလာခက်မှာစိုးလို့ နေမင်းခန့်ကဒီနေ့ပြန်ကြဖို့ပြောတော့ မောင်ကတစ်ရက်နဲ့ပိုမထူးတော့ဘူးတဲ့။

ဒီနေ့တစ်ရက်ကိုမန္တလေးဘုရားတွေဖူးပြီးမနက်ဖြန်မှပဲအေးအေးဆေးဆေးပြန်ကြရအောင်တဲ့။အဘိုးအဘွားတွေကလည်းသိပ်မပြန်ချင်ကြဘူး။သူတို့လည်းရောက်တုန်းရောက်ခိုက်ဖူးချင်ကြမှာပေါ့လေ။

နောက်တစ်ခေါက်ပြန်လာဖို့ဆိုတာခက်ခဲတယ်မလား။အသက်ကြီးကြပြီဆိုတော့ တစ်နေ့ရွှေတစ်နေ့ငွေမို့ နောက်တစ်နှစ်မှာအသက်ဆက်ရှိနေဖို့ကလည်းမသေချာဘူးကိုး။

ဒီလိုနဲ့ရွာကိုမပြန်ဖြစ်ဘဲ အဘိုးအဘွားတွေကိုမန္တလေးတောင်ပေါ်ဘုရားဖူးစပို့ဖြစ်တယ်။မန္တလေးတောင်ပေါ်တက်တော့စက်လှေကားကနေတက်ကြတာ။ကြိုးတံတားပေါ်မလျှောက်ရဲခဲ့တဲ့အဘွားတောင်ဒီတစ်ခါတော့မကြောက်တော့ဘူး။

ဒါပေမဲ့ ‌တောင်ပေါ်ရောက်တော့အဘွားဒေါ်ခွေးမကဘုရားမဖူးဘဲငေးငေးကြီးထိုင်နေပါလေရော။ဘာဖြစ်တာလဲလို့ဝိုင်းမေးကြတော့ တောင်ပေါ်ကပြန်မဆင်းရတော့မှာကြောင့်စိတ်မကောင်းဖြစ်နေတာတဲ့။

နေမင်းခန့်တို့လည်းရုတ်တရက်ဆိုတော့စိတ်ပူကုန်ကြပြီး ဘာလို့ပြန်မဆင်းရမှာလဲ၊ဘာဖြစ်လို့လဲ၊ဘာညာဝိုင်းမေးကြတာပေါ့။

တောင်ပေါ်တက်လာခဲ့တဲ့စက်လှေကားကအတက်ပဲရှိပြီးအဆင်းမရှိတော့ဘယ်လိုဆင်းကြမလဲတဲ့။ဒီတောင်ပေါ်မှာပဲပိတ်မိနေတော့မှာမဟုတ်ဘူးလားတဲ့။

နေမင်းခန့်တို့မှာလည်းငိုအားထက်ရယ်အားသန်ဆိုတာလိုမျိုး တဝါးဝါး တဟားဟားနဲ့ တစ်ဖွဲ့လုံးပွဲကျကုန်ကြတော့တာပါပဲ။နောက်ပြောင်တာမျိုးမဟုတ်ဘဲ အတည်ပြောနေတဲ့အဘွားဒေါ်ခွေးမကိုသနားလည်းသနားမိပါရဲ့။

ဆရာဝန်မလေးကအဘွားဒေါ်ခွေးမကိုခေါ်သွားပြီးတောင်ပေါ်ကဆင်းတဲ့‌ရိုးရိုးလှေကားနဲ့ ဓာတ်လှေကားကိုပြလိုက်တော့မှ စိတ်အေးသွားဟန်နဲ့ပြုံးလာတော့တာ။နေမင်းခန့်တို့မှာတော့ကြံကြံဖန်ဖန်တွေးပူတတ်တဲ့ အဘွားဒေါ်ခွေးမကိုစနောက်ပြီးရယ်လိုက်ကြရတာ။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now