✍️ Unicode
အရင်တုန်းကဆေးခန်းလေးဖြစ်ခဲ့ဖူးတဲ့ ပိတောက်ပင်အောက်က အိမ်ကလေးကအခုဆေးခန်းမဟုတ်တော့တဲ့အခါတိတ်ဆိတ်လို့။
အိမ်ကလေးရဲ့ရှေ့စားပွဲမှာအတူတူထိုင်ပြီးနေပူစာလှုံကြရင်းတရားနာနေကြတဲ့ ဖေမင်းနဲ့ဖေမောင်ကို မင်းခန့်မောင်ငေးကြည့်နေမိတယ်။
ဖွေးဖွေးဖြူဖြူဆံပင်တွေကိုယ်စီပိုင်ဆိုင်ကြပြီဖြစ်ပေမဲ့ နှစ်ယောက်သားဆီမှာမြင်နေရတဲ့အချစ်တွေကတော့နုပျိုနေဆဲပါပဲ။တစ်ယောက်နဲ့တစ်ယောက်တကယ့်ကိုနွေးနွေးထွေးထွေးရှိနေဆဲရယ်။
" နောက်ဆုံးငရဲကိုပြောမယ် အ ဝီ စိ ငရဲ… "
နှစ်ယောက်သားအလယ်မှာချထားတဲ့ဘောက်သေးသေးကနေငရဲအကြောင်းသိကောင်းစရာတရားက တော်တော်ကျယ်ကျယ်လေးပျံ့လွင့်နေတယ်။
" အဝီစီငရဲဆိုတာ မီးလျှံတွေပြည့်နေတဲ့ငရဲ… ဘာငရဲတဲ့လဲ… မီးလျှံတွေပြည့်နေတဲ့ငရဲပါဘုရား… အေး မီးလျှံတွေမှအကြားအလပ်မရှိတောက်လောင်နေကြတယ်တဲ့… "
ဒီတရားကမင်းခန့်မောင်တို့ငယ်ငယ်ကလေးကစနာခဲ့ရတဲ့တရား။တရားတစ်ပုဒ်လုံးကိုတောင်အလွတ်ရမတတ်နာခဲ့ရတဲ့တရား။အခုလည်းဖေမောင်ကဖေမင်းကိုနာခိုင်းတုန်း။
ဖေမောင်ခဏခဏနာခိုင်းတာနဲ့တင် ဒီတရားကိုဖေမင်းလည်းအလွတ်ရတော့မှာပါပဲ။ဒါပေမဲ့ ဖေမင်းကဖေမောင်ကိုချစ်တော့ဖေမောင်နာခိုင်းရင်နာလိုက်တာမျိုး။
တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြတဲ့ ဖေမင်းနဲ့ဖေမောင်ကိုမင်းခန့်မောင်အားကျရသလို ရိုးသားပြီးကြိုးစားခဲ့ကြတဲ့ကိုယ့်အဖေတွေကိုချစ်လည်းချစ်ရပါတယ်။
အမှန်အတိုင်းဝန်ခံရရင် ခဏခဏလွဲတတ်တဲ့ဖေမင်းကိုဖေမောင်ထက်ပိုချစ်မိတယ်။လွဲတိုင်းလည်း ဖေမောင်ဆူတာကိုခဏခဏခံရတဲ့ဖေမင်းကိုသနားချစ်ပိုသွားတာနေမှာပေါ့။ဖေမင်းလွဲတိုင်းရယ်ရတာလည်းပါမှာပါပဲ။ဖေမင်းကလည်းတမင်လုပ်တာမဟုတ်ဘဲနဲ့ကိုခဏခဏလွဲတာ။
ဟိုနေ့ကလည်းဖုန်းမီးထိုးထားတာကိုမပိတ်တတ်တာတဲ့။ဖေမောင်ကိုလည်းမပြောရဲ၊ကိုယ့်ကိုယ်လဲလာမပြောဘဲနဲ့ဖုန်းမီးရောင်ပျောက်သွားအောင်စောင်နဲ့ပတ်ပြီးလွယ်အိတ်ထဲထည့်ထားသတဲ့။
![](https://img.wattpad.com/cover/352031470-288-k557004.jpg)
YOU ARE READING
💕 မင်း ချစ်တဲ့ မောင်
Fantasyပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆိုတာ အပြန်အလှန်နားလည်ပေးတဲ့စိတ်နဲ့ တစ်ဦးကတစ်ဦးကိုစိတ်ချမ်းသာစေခြင်းပါပဲ။ yawthawemaung ပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆို...