✍️ Unicode
" ညီမလေးရေ… လာတော့ဟ… ကျောင်းသွားရတော့အောင်ပါဆိုမှဘာတွေလုပ်နေတာလဲ… "
နေ့လည်ထမင်းစားပြန်လာရာက ကျောင်းပြန်သွားဖို့အပြင်ကနေ သားငယ်အော်ခေါ်နေပေမဲ့ သမီးကသူ့အစ်ကိုအော်တာလောက်ကိုဂရုမစိုက်။ကျောင်းကိုယူသွားဖို့မုန့်ထုပ်တွေကိုလွယ်အိတ်ထဲထည့်တုန်း။
သမီးရဲ့အကျင့်ကမုန့်ကိုသူတစ်ယောက်တည့်မစားတတ်။သူ့သူငယ်ချင်းတွေအကုန်လုံးကိုဝေမျှပေးလိုက်ရမှ။ဒီတော့စာသင်ကျောင်းကိုမုန့်ယူရင်တစ်ခုနှစ်ခုနဲ့မရ။တစ်ခါယူရင်လေးငါးဆယ်ထုပ်။
မုန့်ကိုလည်းမနက်ကျောင်းသွားတဲ့အခါရော၊နေ့လည်ကျောင်းသွားတဲ့အခါရောယူတာပဲ။သားငယ်ကတော့မုန့်ယူလေ့မရှိ။အိမ်ကဝအောင်စားသွားတာ။သားငယ်ကယောက်ျားလေးဆိုတော့ စားဖို့ထက် ကစားဖို့ပဲအားသန်တဲ့သူကိုး။
" ညီ မ လေး… "
သားငယ်အသံကဆောင့်ဆောင့်အောင့်အောင့်။
" လာပြီ…. ဖေဖေတို့ရေ သမီးတို့ကျောင်းသွားပြီနော်… "
သမီးကသူ့အစ်ကိုကိုလှမ်းအော်ရင်း နေမင်းခန့်တို့ကိုလည်းနှုတ်ဆက်လိုက်သေး။အပြင်ထွက် စက်ဘီးနောက်ကခုံပေါ်ကားယားခွထိုင်လိုက်ပြီးမှ သူ့အစ်ကိုခါးကိုဖက်လို့။
" ဖေဖေရေ သားတို့ကျာင်းသွားပြီနော်… "
ငါးတန်းကျောင်းသားသားငယ်က သုံးတန်းကျောင်းသူသမီးငယ်ကို စက်ဘီတင်နင်းရင်း နေမင်းခန့်တို့ဘက်ကိုလက်ပြသွားသေးတာ။နေမင်းခန့်နဲ့မောင့်ကို မြင်ရရ မမြင်ရရ သားငယ်ကဒီလိုပဲလက်ပြနေကြ။
ရာသီတွေပြောင်းပြီးနှစ်တွေကြာညောင်းလာတာနဲ့အတူ သားငယ်နဲ့သမီးတောင်အရွယ်ရောက်လာကြပြီ။သားငယ်ကအရပ်အမောင်းရုပ်ရည် နေမင်းခန့်နဲ့ဆင်ပြီး သမီးကတော့မောင်နဲ့ခပ်ဆင်ဆင်။
သမီးနဲ့မောင့်မှာတော်တော်တူတာကမျက်လုံးလေးတွေ။ဝိုင်းစက်နေတာကစ သမီးနဲ့မောင်တစ်ထေရာတည်း။ဒါပေမဲ့ တကယ်တမ်းချောတာကတော့ သားငယ်။

YOU ARE READING
💕 မင်း ချစ်တဲ့ မောင်
Fantasíaပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆိုတာ အပြန်အလှန်နားလည်ပေးတဲ့စိတ်နဲ့ တစ်ဦးကတစ်ဦးကိုစိတ်ချမ်းသာစေခြင်းပါပဲ။ yawthawemaung ပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆို...