✍️ Unicode
အင်္ကျီကြယ်သီးတွေကိုမှန်ထဲကြည့်ပြီးသေချာတပ်လိုက်တယ်။မှန်မကြည့်ဘဲတပ်လို့မရဘူး။လွဲတတ်လွန်းတဲ့နေမင်းခန့်က ကြယ်သီးတွေကိုအပေါ်အောက်မှားတပ်မိတာက ခဏခဏကိုး။
ပြီးတော့မှမောင်ကိုယ်တိုင်ဆီလိမ်းပေးထားခဲ့တဲ့ဆံပင်ကိုဘီးနဲ့တစ်ချက်နှစ်ချက်ဖြီးလိုက်ရင်း ကိုယ့်ရုပ်ကိုပြန်ကြည့်ပြီးကျေနပ်နေမိပြန်တယ်။နေမင်းခန့်ကိုတွေ့ဖူးတိုင်းသူတိုင်းက အရမ်းချောတာပဲလို့ပြောတတ်ကြတယ်။
မောင်ကတော့ မင်းရဲ့မျက်လုံးတွေကလှတယ်တဲ့။မျက်ခုံးထူထူအောက်မှာရှိကြတဲ့နေမင်းခန့်ရဲ့မျက်လုံးလေးတွေကမျက်တောင်ကော့ကော့လေးတွေကြားမှာ မဲနက်လို့နေတယ်။မေးရိုးနည်းနည်းကားတာမို့လေးထောင့်မကျတကျမျက်နှာကို ယောက်ျားပီသတယ်လို့ကိုယ့်ကိုယ်ကိုယ်ထင်တယ်။
အထူးတလည်အားကစားမလုပ်ရဘဲ ကျန်းမာရေးနဲ့ညီညွတ်တာကတော့ဘုရားပေးတဲ့ဆုပေါ့။သူများတွေလို gym တွေဘာတွေမကစားရဘဲ အချိုးအစားကျနတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ခွင့်ရတာကတော့ ကံကြမ္မာကပေးတဲ့လက်ဆောင်ပါ။
နေမင်းခန့်ကိုမြင်တဲ့သူတိုင်းက ချစ်ခင်ကြပြီးချောတယ်လို့ပြောယူရတဲ့မျက်နှာလေးကတော့မောင့်အတွက် မမြင်ဖူးလိုက်တဲ့အမေပေးလိုက်တဲ့အမွေအဖြစ်မှတ်ယူထားလိုက်တာပါပဲ။
မောင်ကလည်း နေမင်းခန့်ကိုချောတယ်တဲ့။ဒါပေမဲ့အမြဲတမ်းပြောတတ်တာတော့မဟုတ်ဘူး။တစ်ခါတစ်ခါစိတ်လိုလက်ရရှိမှပြောတတ်တာမျိုးပါ။တစ်နှစ်လုံးမှငါးကြိမ်လောက်တောင်ပြည့်ပါ့မလားပဲ။
ခုနခေါင်းကိုဆီလိမ်းပေးတုန်းကတော့ပြောသွားသေးတယ်။ချောသားပဲတဲ့။ရှားရှားပါးပါးစကားကိုကြားလိုက်ရတာမို့ဒီနေ့အတွက်ကံကောင်းပြန်တော့မယ်လို့တွေးမိတယ်။
ချစ်ခြင်းတရားကိုအပြုအမူတွေနဲ့ပဲဖော်ပြတတ်တဲ့မောင်က ပါးစပ်ကနေပလီပလာတွေမပြောတတ်တာကို နေမင်းခန့်ခွင့်လွှတ်ရပါတယ်။မောင်ကနေမင်းခန့်ကိုဘယ်လောက်တောင်ချစ်တယ်ဆိုတာကို နေမင်းခန့်စိတ်ထဲကသိနေတာပဲကို။

YOU ARE READING
💕 မင်း ချစ်တဲ့ မောင်
Fantastikပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆိုတာ အပြန်အလှန်နားလည်ပေးတဲ့စိတ်နဲ့ တစ်ဦးကတစ်ဦးကိုစိတ်ချမ်းသာစေခြင်းပါပဲ။ yawthawemaung ပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆို...