✍️ Unicode
" ဖေမောင်ဘီယာသာက်တာကြတော့ငရဲမလားဘူးလားဖေဖေ… "
သမီးရဲ့အမေးကိုမောင်ပြန်မဖြေနိုင်ဘူး။လူကြီးရှက်တော့ရယ်တဲ့။တဟဲဟဲနဲ့။အမှန်ဆိုရင်တော့ မောင်ကသားနဲ့သမီးရှေ့မှာထန်းရေတောင်သိပ်သောက်လေ့ရှိတာမဟုတ်ဘူး။
ဟိုနေ့ညတုန်းကတော့အိမ်ဆောက်တုန်းကအကြွေးတွေကျေတာကိုအပျော်လွန်သွားဟန်တူပါရဲ့။သားနဲ့သမီးကိုမေ့ပြီး မောင်ကဘီယာကိုစိမ်ပြေနပြေကိုသောက်နေခဲ့တာ။
ငရဲအကြောင်းခဏခဏပြောတတ်တဲ့မောင်ကဘီယာကိုတစ်ဘူးပြီးတစ်ဘူးသောက်နေတော့ သမီးကအံ့ဩသွားဟန်တူပါရဲ့။မောင့်ကိုမေးနေတာများခါးလေးတောင်ထောက်လို့။
" ဖေမင်းကရော… ဖေမင်းလည်းသောက်တာပဲလေ… ဒါပေမဲ့ ဖေမောင်ကပိုဆိုးတာ လူတကာကိုငရဲအကြောင်းပြောနေတတ်တဲ့သူက ဘီယာသောက်နေတာပေါ့လေ… "
" အမလေး ငါ့အမေမှငါ့အမေပါဟဲ့… ငါ့အမေဒေါ်မယ်ခအစစ်ပါဟဲ့… "
အရီးထွေးညိုကတော့သမီးကိုသူ့အမေမှသူ့အမေဆိုပြီးတပြုံးပြုံးနဲ့။နေ့လည်ဈေးရောင်းပါးနေတဲ့အချိန်မို့အရီးထွေးညိုတို့ဘက်ကအဖွဲ့တွေပါစုပြီး အိမ်ရှေ့ကပိတောက်ပင်ကြီးအောက်မှာဖျာခင်းထိုင် စားစရာစုစားနေကြတာ။
ပိတောက်ပင်ကအကြီးကြီးဆိုတော့အရိပ်ကလည်းကောင်းမှကောင်း။နွေရာသီဆိုရင်ဒီပိတောက်ပင်ကြီးအောက်မှာပဲနေနေကြ။ဒီပိတောက်ပင်ကြီးကလည်းထူးခြားတယ်ပြောရမယ်။
သင်္ကြန်ရက်တွင်းမှာဆိုနှစ်ရက်တောင်ပွင့်တာ။နေမင်းခန့်တို့တောင်နှစ်နှစ်သုံးနှစ်ကြုံဖူးသွားပြီ။
အရီးထွေးညိုတို့ပြောစကားအရတော့ ဒီအိမ်မှာနေခဲ့တဲ့ နေမင်းခန့်နဲ့ရှင်းသန့်မောင်တို့သေသွားကြပြီးကတည်းက ဒီလိုပဲသင်္ကြန်တွင်းမှာနှစ်ခါပွင့်တော့တာဆိုပဲ။
ဒီအိမ်မှာစနေကြတော့အရင်နေခဲ့တဲ့သူတွေကနေမင်းခန့်တို့နဲ့နာမည်တူတွေဖြစ်နေတာမို့အံ့ဩတာရော၊ကျောချမ်းတာရောဖြစ်ပေမဲ့ အခုတော့နေသားကျသွားပြီ။
YOU ARE READING
💕 မင်း ချစ်တဲ့ မောင်
Fantasíaပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆိုတာ အပြန်အလှန်နားလည်ပေးတဲ့စိတ်နဲ့ တစ်ဦးကတစ်ဦးကိုစိတ်ချမ်းသာစေခြင်းပါပဲ။ yawthawemaung ပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆို...