💕 - 17

981 41 2
                                    

✍️ Unicode

" အောင်သွယ်တော် ဖိုးရွှေလမင်းရယ်… တိမ်ကြားကိုဝင်ကာမပုန်းနဲ့တောင်းပန်တယ်… ချစ်သူ့အဖြေစကားအပြုံးရိပ်ကလေးများလမင်းမှာရှိတယ်… တွေးရင်းဖွေရှာမောရပါတယ်အချစ်ရယ်… ဒီတစ်ခါလမင်းတွေ့ရင်ပြုံးဖြစ်အောင်ပြုံးပြလိုက်ပါကွယ်…… "

ထန်းပင်ပေါ်ကနေထန်းလှီးရင်းသီချင်းအော်ဆိုနေတဲ့အရီးထွေးညိုရဲ့မောင်အုန်းကြီးသာကျောရဲ့အသံက ထန်းတောတခိုကိုလွင့်ဝဲလို့နေတယ်။

အုန်းကြီးဆိုတာအမေ့ရဲ့မောင်ကိုခေါ်တာလို့ဆိုကြပေမဲ့ နေမင်းခန့်တို့ကတော့အရီးထွေးညိုလို့ခေါ်ကြတာမို့ အရီးထွေးညိုမောင်ဦးသာကျောကိုလည်း အုန်းကြီးသာကျောလို့ခေါ်လိုက်ကြတာပါပဲ။

ထန်းလှီးရင်းသီချင်းဆိုနေတဲ့အုန်းကြီးသာကျောအသံကတွံတေးသိန်းတန်လိုမကောင်းပါဘူး။ဒါပေမဲ့လည်းတောသူတောင်သားတို့ရဲ့ ရိုးသားပွင့်လင်းတဲ့အရိုးခံစိတ်ကသီချင်းသံထဲမှာပါလာတာမို့ နားထောင်လို့ကောင်းနေပြန်ပါရောလား။

နားထောင်လို့ကောင်းရုံမကပါဘူး။အုန်းကြီးသာကျောရဲ့ပျော်ရွှင်တဲ့စိတ်ကတခြားသူတွေဆီကိုပါကူးစက်လာတာမို့ နေမင်းခန့်တောင်သီချင်းကိုခပ်တိုးတိုးလိုက်ဆိုညည်းလို့နေမိပါသေးတယ်။

ထန်းလှီးတယ်ဆိုတာက ထန်းရေထွက်တဲ့ထန်းစကိုဓားနဲ့လှီးပေးရတာကိုပြောတာပါ။ပြောပြရဦးမယ်။ထန်းပင်ကအဖိုပင်နဲ့အမပင်ဆိုပြီးနှစ်မျိုးရှိတာ။

နေမင်းခန့်ကတော့ထန်းပင်ဆိုတစ်မျိုးတည်းလို့ထင်ခဲ့တာကိုး။အဲဒီထန်းပင်တွေကနေနွေရာသီပိုင်းကိုရောက်လာတဲ့အခါ ထန်းဖူးတွေထွက်လာတယ်။

အဖိုပင်ကထန်းဖူးကိုနို့ရစ်ဆိုပြီးအရင်ဆုံးထန်းရေခံကြတယ်။ဝန်ကြီးပဒေသရာဇာကတော့ နွေဦးကာလမြူထသောအခါကဗျာထဲမှာ နုမျစ်ကယ်ထန်းဦးရေလို့ဖွဲ့ဆိုခဲ့ပေမဲ့ ယောအခေါ်တော့နို့ရစ်လို့ပဲခေါ်ကြတာ။

အဖိုပင်ရဲ့ထန်းဖူးကလက်ချောင်းလေးတွေလိုအချောင်းလေးတွေ။အဲဒီအချောင်းလေးတွေကိုတော့ထန်းနို့ချောင်းတဲ့။အဲဒီထန်းနို့ချောင်းလေးတွေအကုန်လုံးကိုနှီးပြားနဲ့တင်းကျပ်နေအောင်စုချည်ထားပြီးထန်းရေထွက်ဖို့လုပ်ကြတာ။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now