✍️ Unicode
" သားနဲ့သမီးရေ… လာ ဖေမင်းဆီကိုလာကြ… ရွာထဲကိုအလည်သွားကြရအောင်… "
ဆီးပူအိုးထဲကိုမုန့်ထည့်ကြော်ဖို့လုပ်နေတဲ့သမီးကလက်ထဲကမုန့်နှစ်ကိုမုန့်နှစ်ဇလုံကြီးထဲပစ်ထည့်ပြီးနေမင်းခန့်ဆီကို ထိုင်နေရာကထပြေးလာတယ်။
သားငယ်ကတော့လက်ထဲကစားလက်စမုန့်တစ်ခုအပြင်နောက်တစ်ခုကိုနှိုက်ယူပြီးမှ ရွာထဲကိုမလိုက်ချင့်လိုက်ချင်ပုံစံနဲ့နေမင်းခန့်ဆီဖြည်းဖြည်းလျှောက်လာတယ်။
ကြော်နေတဲ့မုန့်ကသားငယ်အကြိုက်မုန့်ဖြစ်နေတာကိုး။ဆန်ကိုထောင်းထားတဲ့မုန့်နှစ်နဲ့ပဲစေ့ရောပြီးကြော်ထားတဲ့မုန့်ဆိုသားငယ်ကအလွန်ကြိုက်။
ဒီနေ့ကအဖိတ်နေ့။မနက်ဖြန်ဆိုဝါဆိုလပြည့်နေ့။လပြည့်နေကြရင်ရွာဦးဘုန်းတော်ကြီးကျောင်းနဲ့ ရွာထဲကသက်ကြီးရွယ်အိုအိမ်တွေကိုဆွမ်းပို့ဖို့ ဒီနေ့မှာမြတမာတစ်ရွာလုံးသူ့အိမ်ကိုယ့်အိမ်မုန့်ကြော်ကြတော့တာ။
မုန့်ဆီကြော်၊မုန့်လက်ခတ်၊ပဲစေ့မုန့်၊မုန့်ချိုစွန်း၊မုန့်ခေါက်ချိုး၊မုန့်ဝမ်းကြီး၊မုန့်လုံးကြီးလိုမျိုးနာမည်တွေအစုံနဲ့မြန်မာမုန့်တွေကြော်လိုက်ကြတာမှစုံလို့။
မုန့်ကြော်တာကိုလည်းမီးဖိုထဲမှာကြော်ကြတာမဟုတ်ဘူး။ရွာလမ်းမနဲ့နီးတဲ့အိမ်ခြံစည်းရိုးနာမှာမီးခွင်လုပ်ပြီးကြော်ကြတာ။ကြော်ထားတဲ့မုန့်ကလည်းနည်းနည်းနောနောမဟုတ်ဘူး။
ဆွမ်းတင်နတ်တင်ဦးဦးဖျားဖျားမုန့်ကိုချန်ထားပြီးရင်ကျန်တဲ့မုန့်ကတော့လာသမျှလူစားပေရော့ဆိုတဲ့အထဲက။မုန့်စားရင်းရေနွေးသောက်စေဖို့ မုန့်ကြော်နေတဲ့နားမှာရေနွေးပွဲတောင်အဆင်သင့်ချထားလိုက်သေး။တချို့အိမ်တွေဆိုတခြားအမြည်းတွေတောင်လုပ်ထားတတ်သေးတာ။
ရွာထဲကိုလမ်းလျှောက်သွားလိုက်ရင်တစ်ရွာလုံးမုန့်ဆီကြော်နံ့နဲ့မွှေးနေရော။ဒီလိုနေ့ဆိုရွာကလူတွေအကုန်လုံးနီးပါးအလုပ်နားကြတော့တာပေါ့။တောထဲကိုကျွဲကျောင်းနွားကျောင်းကစမသွားကြတော့ဘူး။မြက်ရိတ်ပြီးအိမ်မှာပဲကျွေးထားလိုက်ကြတော့တာ။
![](https://img.wattpad.com/cover/352031470-288-k557004.jpg)
YOU ARE READING
💕 မင်း ချစ်တဲ့ မောင်
خيال (فانتازيا)ပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆိုတာ အပြန်အလှန်နားလည်ပေးတဲ့စိတ်နဲ့ တစ်ဦးကတစ်ဦးကိုစိတ်ချမ်းသာစေခြင်းပါပဲ။ yawthawemaung ပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆို...