✍️ Unicode
" မင်းခန့်… "
ဒီနာမည်ဟာငါရင်ထဲကနေမြတ်မြတ်နိုးနိုးနဲ့ခေါ်ချင်ခဲ့တဲ့နာမည်တစ်ခုပေါ့။ဆရာဝန်မလေးက မင်းခန့်လို့ခေါ်လိုက်တိုင်း ငါ့ရင်တွေခံရခက်ခဲ့တဲ့နာမည်တစ်ခုပေါ့။
အခုတော့ငါမင်းကိုခေါ်ရဲခဲ့ပြီ။လက်ထပ်ခြင်းဆိုတာရဲ့နောက်မှာ မင်းခန့်ဆိုတဲ့နာမည်ကိုရဲရဲဝံ့ဝံ့ခေါ်ရဲခဲ့ပြီ။ငါမှတ်မိသေးတယ်။မင်းခန့်လို့ငါစခေါ်ခဲ့တဲ့နေ့က တအံ့တဩနဲ့ပျော်နေတဲ့မင်းမျက်နှာကို။ပြီးတော့ငါ့ကိုဖက်ပြီးငါ့ပါးပြင်ကိုတရှိုက်မက်မက်နမ်းနေခဲ့တာကို၊။
နာမည်လေးတစ်ခုကိုပြောင်းခေါ်တာတောင်ဒီလောက်ခံစားတတ်တဲ့မင်းက ငါ့ကိုဘယ်လောက်ထိချစ်ပေးခဲ့သလဲဆိုတာငါခံစားမိပါတယ်။မင်းသိအောင်ငါထုတ်မပြောဖြစ်ခဲ့လို့ပါ။
အမှန်တော့ ငါကပြောမပြတတ်ခဲ့တာ။ငါခံစားရသမျှကိုငါ့ရင်ထဲမှာပဲသိမ်းထားတတ်ခဲ့တာ။ဒီလိုသိမ်းတတ်အောင်လည်းအရင်ဘဝကစ မင်းပဲသင်ပေးထားခဲ့တာပဲလေ။
မင်းကြောင့်နာကျင်ခဲ့ရသမျှတွေ၊မင်းကြောင့်ငါချစ်တတ်ခဲ့တာတွေ၊မင်းအတွက်နဲ့ခံစားခဲ့ရသမျှတွေကိုငါ့ဘဝတစ်လျှောက်လုံးသေသည်အထိသိမ်းဆည်းထားခဲ့ရတာပဲကို။
မင်းနဲ့ပတ်သက်သမျှဟာ ငါ့ဘဝတစ်သက်လုံးမှာဘယ်တော့မှမေ့မရမဲ့အမှတ်တရတွေပေါ့။မေ့မရမဲ့အမှတ်တရတွေကအခုဘဝမှမဟုတ်ပါဘူးလေ။ဟိုအရင်အတိတ်ဘဝကစရှိခဲ့တာပဲကို။
မင်းကထင်ချင်ထင်နေမှာပေါ့။အတိတ်ဘဝကဖြစ်ရပ်တွေကိုငါမမှတ်မိလောက်ဘူးရယ်လို့။သိပ်မှတ်မိတာပေါ့။မြတမာကိုစရောက်လာကတည်းက အတိတ်ဘဝငါ့မှတ်ဉာဏ်တွေကငါ့ဆီအရောက်ပြန်လာခဲ့ကြတာ။
မင်းကအရမ်းရက်စက်ခဲ့ဖူးတယ်လေ။အတ္တကြီးပြီးတစ်ကိုယ်ကောင်းဆန်ခဲ့လွန်းတယ်။ငါ့အပေါ်ကိုအနိုင်ယူခဲ့လွန်းတယ်။ငါ့အစ်မကိုမကျေနပ်တာနဲ့ပဲ ငါ့ကိုလက်စားချေခဲ့တယ်။ငါ့အမေကိုမကျေနပ်တာနဲ့ပဲ ငါ့ကိုဥပေက္ခာပြုဖို့မင်းကြိုးစားခဲ့တယ်။
ငါ့အမေကမင်းကိုမလိုချင်ခဲ့တာမှန်ပါတယ်။ဒါပေမဲ့မိန်းမတစ်ယောက်ရဲ့ရင်ထဲကသဝန်တိုစိတ်ကိုမင်းကမြင်အောင်မကြည့်ခဲ့တာ။မြင်အောင်ကြည့်ဖို့မကြိုးစားခဲ့တာ။သိအောင်ကြိုးစားမကြည့်ခဲ့တာ။
![](https://img.wattpad.com/cover/352031470-288-k557004.jpg)
YOU ARE READING
💕 မင်း ချစ်တဲ့ မောင်
Fantastikပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆိုတာ အပြန်အလှန်နားလည်ပေးတဲ့စိတ်နဲ့ တစ်ဦးကတစ်ဦးကိုစိတ်ချမ်းသာစေခြင်းပါပဲ။ yawthawemaung ပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆို...