✍️ Unicode
ညနေခင်းတွေကအရင်လိုမဟုတ်တော့ဘဲ ဈေးဝယ်သူဈေးရောင်းသူတွေရဲ့အသံနဲ့လှုပ်ရှားတက်ကြွလို့နေတယ်။
ဈေးဝယ်သူရဲ့ဈေးဆစ်တဲ့အသံ၊ဈေးရောင်းသူရဲ့ပြန်ဖြေနေတဲ့အသံတွေပါစွက်လိုက်တဲ့အခါ ညနေဈေးဟာပန်းချီကားတစ်ချပ်လိုအရောင်တွေစုံလို့ လှပလို့ပေါ့။
အရီးထွေးညိုဆိုင်ကအကြော်ပူပူနွေးနွေးရဲ့ညှော်နံ့ကဂန္ဓာရုံကိုဆွဲဆောင်သလို မုန့်ပေါင်းဆိုင်မုန့်ပေါင်းလေးတွေဆီကအငွေ့တထောင်းထောင်းကလည်း ရူပါရုံကိုဆွဲယူကလူကျီစယ်လို့နေတယ်။
ကြာဆံဟင်းခါးဆိုင်ကလေးမှာလူမပြတ်သလို၊အာပူလျှာပူဆိုင်မှာလည်းလူမစဲဘူး။အရီးထွေးညိုဆိုင်မှာဆိုမတ်တပ်ရပ်စောင့်နေသူတွေတောင်တော်တော်များတာ။
အေးသီလည်းဒီလိုအချိန်ဆိုအထည်လာအပ်သူ၊အထည်လာရွေးသူတွေနဲ့အလုပ်ရှုပ်ပြီ။အထည်ချုပ်ရုံသာမကတော့ဘဲပိတ်စလေးတွေပါတင်ရောင်းတာဆိုတော့ညနေဆိုအဖွားအေးညိုပါဆိုင်စောင့်ကူရပြီ။
သားနဲ့သမီးကတော့မုန့်လင်မယားရောင်းတဲ့ဆိုင်ရှေ့မှာမုန့်စောင့်နေကြတုန်း။စောင့်တဲ့သူတွေများပေမဲ့သားနဲ့သမီးကိုဦးစားပေးကြတာမို့စောင့်နေသူတွေထဲမှာသားနဲ့သမီးကရှေ့ဆုံးက။
ဈေးခေါ်သံ၊ဈေးမေးသံ၊အော်သံ၊ဟစ်သံတွေကကောင်းကင်ကိုတလူလူတက်လာတဲ့မီးခိုးတွေနဲ့အတူတူဝေ့ဝဲ့လွင့်ပျံလို့နေတယ်။
ဝယ်သူရောင်းသူများပြားသလိုဝင်သူထွက်သူမစဲတဲ့ဒီဈေးတန်းလေးကိုကြည့်ပြီးဆယ်နှစ်ပွဲဈေးသည်ဘဝနဲ့နယ်တကာလှည့် ဘေထုပ်ထည်ရောင်းခဲ့ရတဲ့ဘဝကိုတောင်နေမင်းခန့်ပြန်သတိရမိပါရဲ့။
ဟော နေမင်းခန့်ကြည့်နေတုန်းမှာပဲညနေလိုင်းကာတွေဝင်လာကြပြီ။လိုင်းကာတွေရောက်လာတဲ့အခါ လိုင်းကားပေါ်ကဆင်းလာတဲ့ခရီးသည်တွေနဲ့ဈေးကလေးကပိုပြီးစည်ကားလာပြန်ပါလေရော။
ဒီဈေးလေးကိုလာရောင်းကြတဲ့သူတွေကဈေးသည်အစစ်တွေမဟုတ်ဘူး။မြတမာရွာနီးချုပ်စပ်ကတောသူတောင်သားတွေခပ်များများရယ်။

YOU ARE READING
💕 မင်း ချစ်တဲ့ မောင်
Fantasyပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆိုတာ အပြန်အလှန်နားလည်ပေးတဲ့စိတ်နဲ့ တစ်ဦးကတစ်ဦးကိုစိတ်ချမ်းသာစေခြင်းပါပဲ။ yawthawemaung ပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆို...