✍️ Unicode
" ဒီတန်ခူးရွှင်မြူးနှစ်ကူးရောက်ပြီလေ... ရွဲစိုအောင်ပက်လိုက်တော့လေ... မောင်မောင်ရေတဲ့... ရွှဲစိုအောင်ပက်လိုက်တော့ချမ်းပါတယ်တဲ့ခင်ဗျ... သင်္ကြန်ရေတွေအေးပါတယ်ဆို... သင်္ကြန်ရေကချမ်းပါတယ်ကွယ်...... "
ရှေ့မှာပြထားတဲ့တီဗွီကနေခပ်တိုးတိုးလွင့်ပျံလာတဲ့သင်္ကြန်သီချင်းသံနဲ့အတူအိပ်စ်ပရက်စ်ကားကြီးပေါ်မှာပါလာတဲ့အဘိုးအဘွားတွေအပါအဝင် လူတွေအားလုံးတက်ကြွလန်းဆန်းလို့။
သင်္ကြန်နားနီးလာပြီဆိုတော့သင်္ကြန်သီချင်းတွေကအသက်ဝင်လာပြီကိုး။သင်္ကြန်နဲ့ဝေးနေရင်သာ သင်္ကြန်သီချင်းကနားထောင်လို့အရသာမရှိပေမဲ့ သင်္ကြန်နားနီးလာရင်တော့ သင်္ကြန်သီချင်းလေးကြားလိုက်ရင်ကို လူကမရိုးမရွဖြစ်လာတော့တာ။
အခုလည်းဘုရားဖူးခရီးဖြစ်တာရော၊ကားပေါ်မှာဖွင့်ထားတဲ့သင်္ကြန်သီချင်းကြောင့်ရောထင်ပါရဲ့။အဘိုးအဘွားတွေကအစ တစ်ယောက်မှအိပ်မငိုက်ကြဘူး။စိတ်လှုပ်ရှားနေကြဟန်နဲ့မျက်လုံးလေးတွေတောင်အရောင်တောက်လို့ပေါ့။
မျက်လုံးတွေအရောင်တောက်ရုံတောင်မကပါဘူး။သီချင်းကိုစည်းချက်လိုက်ရင်း တီဗွီထဲကယိမ်းသမလေးတွေကနေကြတဲ့အတိုင်းခေါင်းလေးတွေတောင်ဘယ်ညာယိမ်းနေလိုက်ကြသေး။
ဘုရားဖူးသွားတာတရားခွေလေးဘာလေးဖွင့်ပါလားမောင်ရာဆိုတော့ မောင်က ဆိုင်ကကလေးတွေလည်းပါသေးတာဆိုတော့ တရားခွေဖွင့်ထားရင်ပျင်းကုန်ကြလိမ့်မယ်တဲ့။ပြီးတော့အသက်ကြီးတိုင်းတရားကြိုက်တာမဟုတ်ဘူးတဲ့။ဒါနဲ့ပဲလမ်းတောက်လျှောက်သီချင်းတွေချည်းဖွင့်ပြလာတာ။
အမှန်တကယ်ဆိုရင်အလောင်းတော်ဘုရားဖူးပြီးလို့ ဖိုးဝင်းတောင်ကိုခရီးဆက်နေကြတာမို့ နည်းနည်းတော့ဖြစ်ဖြစ်ပင်ပန်းနေရမယ်မလား။အခုတော့ဘာမှမဖြစ်ကြသလိုမျိုးအကုန်လုံးကတက်တက်ကြွကြွ။
အလောင်းတော်ဘုရားမှာတုန်းကလည်း အမျိုးသားဥယျာဉ်ကနေအလောင်းတော်တည်နေရာအထိအထိလမ်းလျှောက်ရတော့ဆင်စီးကြမလားဆိုတာကိုအဘိုးအဘွားတွေကစ အကုန်ခေါင်းခါပြကြတာ။မနက်ခင်းဆိုတော့နေအေးနေတာရောကြောင့်နေမှာပေါ့။

YOU ARE READING
💕 မင်း ချစ်တဲ့ မောင်
Fantasíaပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆိုတာ အပြန်အလှန်နားလည်ပေးတဲ့စိတ်နဲ့ တစ်ဦးကတစ်ဦးကိုစိတ်ချမ်းသာစေခြင်းပါပဲ။ yawthawemaung ပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆို...