Part-1

7.4K 359 6
                                    

Unicod

"ဒီတိုင်းပြည်ကို မိန်းမသား တစ်ဦးအုပ်ချုပ်နေတာ လုံးဝလက်မခံနိုင်ဘူး"

"အဲ့တော့ ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ"

"အဟက်!! တစ်ချိန်ကြ ရာဇာမင်းဆို‌တဲ့ ငါကိုယ်တော်လက်ထဲ ဒီတိုင်းပြည်ကြီးရောက်လာမှာပါ..စောနန်းဒေဝီဆိုတာ ယာယီဘုရင်မတစ်ဦးသာသာပါပဲ ငါကသာလျှင် ဒီတိုင်းပြည်ရဲ့ အရှင်သခင်ဖြစ်လာမှာ"

"ကျွန်တော်တို့ကတော့ တပ်မှူးလုပ်နိုင်မယ်လို့ယုံကြည်ထားတယ်"

"ဒါမဲ့မင်းတို့အကူအညီလည်းလိုတယ်ဆိုတာကိုမှတ်ထားပါ"

"အချိန်မရွေးပါပဲ တပ်မှူး..အခုတော့ ကျွန်တော်တို့ကို သွားခွင့်ပြုပါ"

"ကောင်းပါပြီ"

တပ်သားတွေထွက်သွားတော့ ရာဇာ ခုံပေါ်မှာ မှီပြီး အတွေးတွေကို နယ်ချဲ့နေရင်း...

"အကို‌တော့်တိုင်းပြည်ကအရှင်မကို ခုနလိုနာမည်တပ်ခေါ်နေမှတော့ အကို‌တော့်တပ်သားတွေက လေးစားပါတော့မလား"

"ဟင် နှမတော် လေးညို့...ဘယ်လိုလုပ် ဒီရောက်လာတာတုန်း နန်းတော်က လူ‌တွေတွေ့သွားရင် ဒုက္ခပါပဲ"

"အကိုတော့်မိန်းကလေးက စစ်ရေးစစ်ရာ ဓားသိုင်းအပြင် သူလျှိုလုပ်တာတွေပါ သင်ထားတာပါ..မပူပါနဲ့"

"ဟားဟား ဟုတ်ပါပြီကွာ"

တစ်ချိန်ထဲမှာပဲလေးညို့ဟာ ရာဇာ့ ပေါင်ပေါ်တက်ထိုင်လိုက်ပြီး...

"အကိုတော့်ကိုလွမ်းနေတာ"

"တူတူပါပဲကွာ.."

"ဒါနဲ့ ခမည်းတော်က မေးနေပြီ..ဘယ်အချိန် ဒီတိုင်းပြည်ကဘုရင်မကို နန်းချဖို့ စီစဉ်ကြမှာလဲတဲ့"

"အကို့ ယောက္ခထီးတော်က လောလိုက်တာကွာ..စောနန်းဒေဝီက တော်ရုံအမျိုးသမီးတော့မဟုတ်ဘူး သူ့ဆီက ယုံကြည်မှုတစ်ခုရဖို့ဆိုတာ အတော်ကိုခဲယဉ်းမှာ"

"လေးညို့ကို ဒီကိစ္စထဲ ပါဝင်ခွင့်ပေးမလား"

"အန္တာရယ်များလှပါတယ် လေးညို့ရယ်"

"လေးညို့ ပါချင်တယ်...ဒါမှ အကိုတော်နဲ့အမြန်လက်ထပ်ခွင့်ရမှာ အရှင်မက လေးညို့ကိုမမြင်ဖူးဘူးမလား"

"ဒူးထောက်လျက်ပါ အရှင်" ("ဒူးထောက်လျက်ပါ အရှင်" )Where stories live. Discover now