Unicod
"ဒါဘယ်လိုမှမဖြစ်သင့်ပါဘူးအရှင်"
"ဟုတ်ပါတယ် ကျွန်တော်မျိုးလည်းကန့်ကွက်ပါရစေ"
"အရှင့်ရဲ့ အရှိန်အဝါကျဆင်းမဲ့ အရာမျိုးကို ကျွန်တော်မျိူးတို့ ဘယ်လိုမှသဘောမတူနိုင်ပါဘူးအရှင်..."
အမတ်တွေရဲ့ တစ်ယောက်တစ်ပေါက်စကားသံတွေကြားမှာ လေးညို့ အရှင့်ရဲ့လက်ကိုသာလျှင် တင်းတင်းလေးဆုပ်ကိုင်ထားလေတော့သည်။အရှင်ကတော့ပြတ်သားလွန်းသောလေသံဖြင့်....
"ကျွန်မကတော့ ဒီလက်ကိုလွှတ်တော့မှာမဟုတ်တာကြောင့် ကျွန်မကို ကန့်ကွက်တဲ့သူမှန်သမျှ ဒီ နန်းတော်ထဲကနေထွက်သွားနိုင်တယ်။"
စောနန်းရဲ့ စကားကြောင့် အမတ်တွေမျက်ခုံးလှုပ်သွားလေတော့သည်။ စောနန်းလိုဘုရင်မရှိပြီးအင်အားကြီးတဲ့နိုင်ငံမှာ အမတ်ဖြစ်ရတာ ဘယ်လောက် အာဏာရှိလဲဆိုတာ ထိုအမတ်တွေကိုယ်တိုင်ပဲသိလေသည်။ ဒါ့ကြောင့် ဘယ်သူမှ ဒီနန်းတော်ထဲကနေမထွက်သွားချင်ပါ...
"အရှင် သေချာပြန်စဉ်းစားပါအုံး...ဒီကိစ္စကို ကျွန်တော်မျိုးတို့အမတ်တွေအကုန်လုံး သဘောမတူတာပါ။ အရှင်သာ ကျွန်တော်မျိုးတို့အကုန်လုံးကိုနှင်ထုတ်မယ်ဆို အရှင့်နန်းတော်မှာ ဘယ်အမတ်မှ ရှိမှာမဟုတ်တော့ပါဘူး"
"မှန်ပါတယ် အရှင်...ပြီးတော့ ဒီကိစ္စကိုလည်း တိုင်းသူပြည်သားတွေက သဘောတူကြမှာမဟုတ်ပါဘူး။ အရှင့်ကိုပုန်ကန်ကြလိမ့်မယ်..နောက်ဆုံး ကျွန်တော်မျိုးတို့က သဘောတူရင်တောင် ပြည်သူတွေရဲ့ဆန္ဒကရှိပါသေးတယ်"
"အင်းငါသိတယ်...ဒါပေမဲ့ ငါ့ဆုံးဖြတ်ချက်ကတော့ ငါ ဒီလက်ကိုလွှတ်မှာမဟုတ်တော့ဘူး"
"အဲ့တာဆို အရှင့်ကို ကျွန်တော်မျိုးတို့ လက်လွှတ်ရလိမ့်မယ်"
ဒါဟာစောနန်းကိုထီးနန်းစွန့်ခိုင်းခြင်းပင်...စောနန်းလက်ကိုကိုင်ထားတဲ့ကြင်သူ့ရဲ့လက်တွေ တုန်သွားတာကိုစောနန်းသတိထားမိလေသည်။
"ကျွန်မကို ထီးနန်းစွန့်ခိုင်းနေကြတာလား"
"စိုးရွံ့မိပါတယ်အရှင်...ဒါပေမဲ့ တိုင်းသူပြည်သားတွေပါသဘောမတူပဲ ပုန်ကန်ကြရင်တော့ အရှင် ထီးနန်းစွန့်ရပါလိမ့်မယ်"
YOU ARE READING
"ဒူးထောက်လျက်ပါ အရှင်" ("ဒူးေထာက္လ်က္ပါ အရွင္" )
Romance"ငါဆိုတဲ့ မိန်းမဟာ ငါ့တိုင်းပြည်ထက် ဘယ်သူ့ကိုမှ ပိုမချစ်နိုင်တာကြောင့် မင်းကိုလည်း စွန့်ပစ်ဖို့ ငါဝန်လေးမှာမဟုတ်ဘူး.." "သေချာလို့လား အရှင်ရယ်..ဒီစကားကို ကျွန်မမျက်လုံးကို သေချာကြည့်ပြီးပြောပါ။"