Unicod
"တောက် !! ဒီတိုင်းပြည် ဘဏ္ဍာရေးကို ကိုင်တဲ့ အမတ်ကို အခုချက်ချင်းရအောင်ဖမ်းခေါ်လာခဲ့"
"အမိန့်တော်အတိုင်းပါအရှင်"
စောနန်း တပ်မှူးရာဇာကိုတစ်ချက်ကြည့်လိုက်ရင်း...
"ဒီကိစ္စကို ကိုယ်ရံတော်ဆိုင်း တာဝန်ယူပေးပါ"
"အရှင်မ...ဒီလိုကိစ္စတွေက ကျွန်တော်မျိူးကိုတာဝန်လွှဲထားတာမဟုတ်လား"
"အစကတော့ဟုတ်ပါတယ်...ဒါပေမဲ့ တပ်မှူးရာဇာဖော်ထုတ်ခဲ့တဲ့အမှုပေါင်း ဘယ်လောက်များရှိလို့လဲ တစ်ခါတစ်လေကြ ကြံရာပါများလို့တောင်ထင်မိပါတယ်။ဒါ့ကြောင့် ကိုယ်ရံတော်ဆိုင်းကပဲ တာဝန်ယူပေးပါ"
"အမိန့်တော်အတိုင်းပါအရှင်"
"အင်း ဒီနေ့တော့ဒီလောက်ပဲ"
အရှင်မထွက်သွားတာနဲ့ အမတ်တွေအားလုံးရဲ့မျက်လုံးဟာ ရာဇာ့ဆီကိုရောက်လာလေသည်။ရာဇာတစ်ယောက် ရှက်လည်းရှက် ဒေါသလည်းဖြစ်နေတာကြောင့်....
"ဒီမိန်းမ အာဏာရှိတုန်းတော့လုပ်ထားပေါ့...တစ်နေ့ ငါ့ကိုပြောခဲ့သမျှတွေအတွက် ငါ့ရှေ့မှောက်ဒူးထောက်တောင်းပန်စေရမယ်။ တောက်!! "
တပ်မှူးရာဇာရဲ့စကားသံကို ကိုယ်ရံတော်ဆိုင်းကြားသွားလေသည်။ တပ်မှူးရာဇာကတော့ သူ့ကိုချောင်းကြည့်နေတဲ့ ကိုယ်ရံတော်ဆိုင်းကိုမမြင်ပေ။
"တွေ့ကြပြီပေါ့ တပ်မှူးရာဇာရယ်...ပြီးတော့ တပ်မှူးရာဇာနဲ့ပတ်သတ်နေတဲ့ ဟိုအစေခံကောပဲ မကြာခင် သရုပ်မှန်တွေပေါ်လာတော့မှာပါ"
စောနန်း ဒီနေ့မနက်ထဲက စိတ်မကြည်ပါ။စောနန်းရဲ့ ပြည်သူပြည်သားတွေကို ထိခိုက်စေမဲ့ကိစ္စတစ်ခုခုဖြစ်တိုင်း စောနန်းစိတ်မကြည်တာကတော့ မထူးဆန်းပါ။ ဒါပေမဲ့အခု စောနန်းစိတ်ကို ပိုညစ်ညူးသွားစေတာကတော့ နန်းဆောင်ထဲမှာ စောနန်းကိုစောင့်နေတဲ့ ချစ်ရသူမရှိလို့ပေ။
"ကြင်သူကလည်းကွာ...တွေ့ချင်ပြီဆို မရှိဘူး အထိန်းတော်ကြီး"
"လာပါပြီ အရှင်"
"ဝတီကော"
"ဟင် သူ အစောတုန်းကလာပါသေးတယ်..ဒါပေမဲ့ အခု ဘယ်ထွက်သွားလဲမသိဘူး ကျွန်တော်မျိုးမ သွားရှာခဲ့ပါ့မယ်"
YOU ARE READING
"ဒူးထောက်လျက်ပါ အရှင်" ("ဒူးေထာက္လ်က္ပါ အရွင္" )
Romance"ငါဆိုတဲ့ မိန်းမဟာ ငါ့တိုင်းပြည်ထက် ဘယ်သူ့ကိုမှ ပိုမချစ်နိုင်တာကြောင့် မင်းကိုလည်း စွန့်ပစ်ဖို့ ငါဝန်လေးမှာမဟုတ်ဘူး.." "သေချာလို့လား အရှင်ရယ်..ဒီစကားကို ကျွန်မမျက်လုံးကို သေချာကြည့်ပြီးပြောပါ။"