Unicod
"မတွေ့ချင်ဘူးတဲ့လား"
"အရှင်မက သူ့စိတ်ကိုပြတ်ပြတ်သားသား ထားထားပုံပါပဲ....ပြီးတော့ မင်းသမီးနဲ့ပတ်သတ်ပြီးသူ့မှာခံစားနေဖို့အချိန်မရှိဘူးလေ။ မနက်ဖြန်ပဲချက်ချင်းစစ်ပွဲဖြစ်နိုင်သလို နာရီလက်တံတစ်ခါရွေ့တိုင်းမှာသတိထားနေရတာ..."
"အရှင်မ ညဘက်တွေကော အိပ်ပျော်ပါ့မလား...အရမ်းပင်ပန်းနေမယ်ထင်တယ်"
"စစ်ဆိုတာကြီးကိုတစ်ခါမှမကြုံဖူးတဲ့ လူတစ်ယောက်တော့မဟုတ်ပေမဲ့ ဒီတစ်ခေါက်စစ်ပွဲမှာတော့ ဆုံးရှုံးမှုတွေများလောက်တယ်။ အင်အားကြီးတဲ့နှစ်နိုင်ငံစစ်ဖြစ်တော့မှာဆိုတော့ အရှင်မလည်း စိတ်ဆင်းရဲနေပုံပါပဲ"
"ကျွန်မကိုမတွေ့ချင်ဘူးဆိုတော့လည်း ကိုယ်ရံတော်ဆိုင်းကပဲ အရှင်မကိုဂရုစိုက်ပေးပါ..."
"စိတ်ချပါ ကျွန်မ ရှိနေသရွေ့ အရှင်မဘာမှမဖြစ်စေရပါဘူး"
"ဒါနဲ့ကျွန်မကဒီအဆောင်မှာပဲ နေရမှာလား...အပြင်လေးတောင်ထွက်လို့မရဘူးလား"
"အမတ်တွေတွေ့သွားရင်မလွယ်ဘူးလေ..အရှင်မကို အခက်တွေ့စေလိမ့်မယ်။ ဒီမှာပဲသည်းခံပြီးနေလိုက်ပါ..စစ်ပွဲပြီးလို့ ကျွန်မမသေခဲ့ရင် ကျွန်မကိုယ်တိုင် အပြင်ခေါ်ထုတ်ပါ့မယ်"
"ကိုယ်ရံတော်ဆိုင်း"
"ဟုတ်ကဲ့ပြောပါ"
"အရှင်မကိုကာကွယ်ပေးနော်...ပြီးတော့ ကိုယ်ရံတော်ဆိုင်းလည်း အသက်ဆက်ရှင်ပေးပါ"
လေးညို့ရဲ့စကားကို ကိုယ်ရံတော်ဆိုင်းဟာ နားထောင်တာလား လျစ်လျူရှုသွားတာလားဆိုတာ မသဲကွဲပေ။ ဒါပေမဲ့ကိုယ်ရံတော်ဆိုင်းရဲ့ မျက်လုံးတွေကိုကြည့်ပုံအရတော့ လေးညို့ရဲ့စကားအဆုံးမှာ နာခံသွားတဲ့တပ်သားတစ်ယောက်လိုပင်။
ဒီအတောအတွင်းဟာ တိုင်းသူပြည်သားတွေအားလုံးအတွက် စိတ်ညစ်ညူးစရာအချိန်တစ်ခုပင်။ ဘယ်အချိန် အိမ်ခေါင်မိုးပေါ်ကို မီးမြှားတွေကျလာမလဲမသိတဲ့အခြေအနေတစ်ခု တကယ်ကို ကြောက်ကြောက်လန့်လန့်နဲ့ ဘုရားတနေရတဲ့အခြေအနေပင်။
YOU ARE READING
"ဒူးထောက်လျက်ပါ အရှင်" ("ဒူးေထာက္လ်က္ပါ အရွင္" )
Romance"ငါဆိုတဲ့ မိန်းမဟာ ငါ့တိုင်းပြည်ထက် ဘယ်သူ့ကိုမှ ပိုမချစ်နိုင်တာကြောင့် မင်းကိုလည်း စွန့်ပစ်ဖို့ ငါဝန်လေးမှာမဟုတ်ဘူး.." "သေချာလို့လား အရှင်ရယ်..ဒီစကားကို ကျွန်မမျက်လုံးကို သေချာကြည့်ပြီးပြောပါ။"