Unicod
တိုင်းသူပြည်သားတွေကပါ စောနန်းတို့ဘက်ပါလာတာကြောင့် အမတ်တွေလည်းဘာမှမပြောတော့ပေ။ ဒီတစ်ခါတော့စောနန်းနဲ့ကြင်သူရဲ့အချစ်ခရီးလမ်းဟာ ဖြောင့်ဖြူးသွားပြီလို့ ကောက်နုတ်ချက်ချလို့ရပြီလား....
"ကျေးဇူးပါနော် မဟာ...ကျွန်မဘပ်ကရပ်တည်ပေးလို့"
"ကျွန်တော်ကရယူပိုင်ဆိုင်ရတာထက်ပေးဆပ်ရတာကိုပိုသဘောကျတဲ့သူမို့လို့ထင်ပါရဲ့။ စောနန်းပျော်အောင် တစ်နည်းနည်းနဲ့လုပ်ပေးခွင့်ရလို့ကျွန်တော်လည်းပျော်ပါတယ်။ ကျွန်တော်တို့ မဟာမိတ်ဖွဲ့ကြမယ်မလား"
"မင်းသားမဟာတို့တိုင်းပြည်နဲ့ မဟာမိတ်ဖွဲ့ရတာကျွန်မအတွက် အကျိုးမယုတ်မသွားဘူးလို့ပဲမြင်ပါတယ်"
"ဟားဟား ကောင်းပါပြီဗျာ...ဒါနဲ့ဘယ်နေ့များလက်ထပ်ထိမ်းမြှားကြမှာတုန်း"
"နောက်အပတ်"
"မမြန်လွန်းဘူးလား"
"မြန်မြန်အပိုင်သိမ်းမှစိတ်ချရတော့မယ်နဲ့တူတယ်....ဘယ်ချိန် အနှောင့်အယှက်တွေကပေါ်လာအုံးမလဲမသိလို့လေ"
"ဟုတ်တာပေါ့...ဒါနဲ့ လေးညို့ဝတီ အာ မိဖုရားလောင်းရဲ့ခမည်းတော်က အကျယ်ချုပ် ချုပ်ခံထားရတယ်ကြားတယ်"
"အင်း လေးညို့ရဲ့ခမည်းတော်ဟာလည်းကျွန်မရဲ့ခမည်းတော်ပါပဲ...အခုလောက်ဆို နောင်တလည်းရနေရောပေါ့။ ဒါ့ကြောင့် လွှတ်ပေးလိုက်တော့မယ်လေ"
"သူတို့တိုင်းပြညါကိုကော"
"ကျွန်မတို့က ဆွေမျိုးတွေဖြစ်သွားပြီဆိုတော့ သူ့တိုင်းပြည်ကိုယ့်တိုင်းပြည်ရယ်လို့မရှိတော့ဘူးထင်တာပဲ..လေးညို့ခမည်းတော်သာနားလည်ပေးမယ်ဆိုရင်ပေါ့"
"နားလည်ပေးမှာပါ..သမီးတော်တစ်ယောက်လုံးကိုတောင် ပေးထားလိုက်ပြီဆိုတော့ ပြသာနာမရှိလောက်တော့ပါဘူး"
"အင်း"
"ကယ် ဒါဆို ကျွန်တော်သွားတော့မယ်နော်...ခမ်းနားလွန်းတဲ့ပွဲကြီးကို ကြည့်ဖို့မျှော်နေမယ်ဗျာ"
"ကောင်းပါပြီရှင်..."
စောနန်း မင်းသားမဟာနဲ့စကားပြောပြီးတဲ့နောက် ကြင်သူဆီကိုလျှောက်သွားတော့ ကြင်သူဟာ မျက်နှာအနည်းငယ်ဆူပုတ်နေတယ်လေ..
YOU ARE READING
"ဒူးထောက်လျက်ပါ အရှင်" ("ဒူးေထာက္လ်က္ပါ အရွင္" )
Romance"ငါဆိုတဲ့ မိန်းမဟာ ငါ့တိုင်းပြည်ထက် ဘယ်သူ့ကိုမှ ပိုမချစ်နိုင်တာကြောင့် မင်းကိုလည်း စွန့်ပစ်ဖို့ ငါဝန်လေးမှာမဟုတ်ဘူး.." "သေချာလို့လား အရှင်ရယ်..ဒီစကားကို ကျွန်မမျက်လုံးကို သေချာကြည့်ပြီးပြောပါ။"