Unicod
"ကြင်သူ"
"ပြောပါအရှင်"
"မင်း ရင်ခွင်ကအရမ်းနွေးတာပဲ..."
"အရှင်သဘောကျရင် တစ်သက်လုံးခိုနားလို့ရပါတယ်"
"မင်း စကား မင်းတည်နော်...ငါဘုရင်မကို ကတိမတည်လို့ကတော့"
"ဘာလုပ်ချင်လဲအရှင်"
ပြောရင်းအနားကပ်လာတဲ့ဝတီကြောင့် စောနန်းလန့်သွားလေသည်။သူမပဲ စောနန်းကို ချစ်ရမှာ စိုးရွံ့ခဲ့သလိုလိုနဲ့အခုကြတော့ ရဲတင်းနေလိုက်တာ...
"မင်း...မင်းနော်"
"ဘာလုပ်ချင်လဲလို့"
"မင်းကို အပိုင်သိမ်းပစ်မှာ"
"အရှင် ကျွန်မရင်ခွင်ကို ဒီနေ့ကစပြီး လာမနားပါနဲ့တော့"
"ဟင်..မင်းကအပြောင်းအလဲမြန်တာလားဝတီ ခုနကပဲတစ်သက်လုံးခိုနားလို့ရတယ်ဆို"
"ဟုတ်တယ်လေ အခုမရတော့ဘူး"
"ဘာလို့လဲ"
"အရှင်ပဲ ကတိမတည်ရင် ကျွန်မကိုသိမ်းပိုက်မှာဆို..အရှင်သိမ်းပိုက်တာခံချင်လို့ ကတိမတည်တော့တာ"
"မင်းကွာ..ငါလန့်သွားတာပဲ မင်းကတိတည်တည်မတည်တည် တစ်ချိန်ကျ မင်းက ငါ့မိဖုရားဖြစ်လာမှာပါပဲ"
"မင်းလို့ပဲခေါ်နေတော့မှာလား.."
"ဘာလို့လဲ"
"ကြင်သူလို့ ခေါ်ပါအုံး"
"မခေါ်ချင်ဘူး"
"ဟင်...အရှင်စိတ်ဆိုးနေတာလား"
"အင်း...မင်းက ငါ့ကိုတစ်ကယ်မချစ်ဘူး"
"ချက်ချင်းကြီးအရှင်ရယ်..ကျွန်မဘာများလုပ်မိလို့လဲ"
"မသိဘူး..ဒါမဲ့ငါသိတယ်မင်းကငါ့ကိုမချစ်ဘူး အဲ့တော့ငါယုံအောင်သက်သေပြပေး"
"ဘယ်လိုသက်သေပြရမလဲ"
"အဲ့တာငါဘယ်လိုလုပ်သိမှာလဲ..မင်းပဲသိမှာပေါ့"
"အမ်း...အဲ့တာဆို နံပါတ် (၁) အရှင့်ကိုကျွန်မနမ်းရမလား...နံပါတ် (၂) အရှင်ကကျွန်မကိုနမ်းမလား..နံပါတ် (၃) အရှင့်ကိုကျွန်မအတင်းနမ်းရမလား..."
YOU ARE READING
"ဒူးထောက်လျက်ပါ အရှင်" ("ဒူးေထာက္လ်က္ပါ အရွင္" )
Romance"ငါဆိုတဲ့ မိန်းမဟာ ငါ့တိုင်းပြည်ထက် ဘယ်သူ့ကိုမှ ပိုမချစ်နိုင်တာကြောင့် မင်းကိုလည်း စွန့်ပစ်ဖို့ ငါဝန်လေးမှာမဟုတ်ဘူး.." "သေချာလို့လား အရှင်ရယ်..ဒီစကားကို ကျွန်မမျက်လုံးကို သေချာကြည့်ပြီးပြောပါ။"