"Part-23"

3.7K 253 14
                                    

Unicod

"အရှင်မကို ကာကွယ်ကြ"

နောက်ဆုံးတော့ စစ်ကြီးဖြစ်လာခဲ့လေပြီ။ နဂိုထဲက စစ်ဖြစ်ချင်နေကြတဲ့ လေးညို့တို့ တိုင်းပြည်ဘက်ကတော့ ရာဇာ့ကို စောနန်းတို့ဘက်ပြန်မပေးပဲ စစ်ကြေညာလိုက်တာကြောင့် အခုလိုစစ်ပွဲဖြစ်လာရခြင်းပင်။

စောနန်းတို့ဘက်က ရာဇာတို့မထင်မှတ်ထားလောက်အထိ အင်အားများနေတာကြောင့် ဒီစစ်ပွဲဟာတော်တော်လေးပြင်းထန်ပြီး အသေကြေအပျက်အစီးတွေလည်းများလေသည်။

"မင်းသမီး...ကိုယ့်ကိုကိုကာကွယ်ပါ ကျွန်မဓားတစ်လက်ထားခဲ့မယ်"

"မဟုတ်ဘူး ကိုယ်ရံတော်ဆိုင်း ငါဝင်တိုက်မယ်"

"ဘယ်သူ့ဘက်ကလဲ"

"အရှင်မဘက်က"

"မင်းသမီး...အခု တိုက်နေတာ မင်းသမီးတို့ဖမည်းတော်တို့တိုင်းပြည်နဲ့နော်..ပြီးတော့ မင်းသမီးသတ်ရမှာက မင်းသမီးတို့တိုင်းပြည်က တပ်သားတွေကိုနော်"

"အဲ့တာ ငါတို့တိုင်းပြည်က တပ်သားတွေမဟုတ်ဘူး ရာဇာ့ရဲ့တပ်သားတွေ...ရာဇာ့ရဲ့တပ်သားတွေကိုသတ်ဖို့အတွက် ငါဝန်လေးနေမှာမဟုတ်ဘူး။ ငါ့တိုင်းပြည်က ရာဇာ့လက်အောက်ထဲ မကြာခင်ရောက်လာမှာထက်စာရင် အရှင်မလက်အောက်ထဲရောက်တာက အစပေါင်းများစွာပိုကောင်းတယ်လို့ထင်တယ်။ ဒါ့ကြောင့် ငါဝင်တိုက်မယ်"

"မင်းသမီးသဘောအတိုင်းပါ"

ဓားတစ်လက်ကိုဆွဲကာ လေးညို့ကိုယ်တိုင်ဒီစစ်ပွဲထဲကိုဝင်ပါလေသည်။ ငယ်ငယ်ထဲက စစ်ရေးလေ့ကျင့်ထားတဲ့သူဖြစ်တာကြောင့် လေးညို့အတွက် လူသတ်ရသည်မှာသိပ်ကိုလွယ်ကူလွန်းသည်။

"မင်းသမီး လေးညို့ဝတီကွ...မင်းသမီးလေးညို့ဝတီပါဝင်တိုက်နေတယ်"

တပ်သားတစ်ယောက်ရဲ့အသံကြောင့် တပ်သားတွေအားလုံး ခဏမျှ လေးညို့ဆီကို မယုံကြည်နိုင်သော မျက်လုံးတွေနဲ့ လှည့်ကြည့်ကြလေသည်။လေးညို့ကတော့ဘာကိုမျှဂရုမစိုက်...သူ့တိုင်းပြည်က တပ်သားတွေအရှေ့မှာပဲ တပ်သားတစ်ယောက်ကို သတ်လိုက်လေသည်။

ထိုအဖြစ်အပျက်ကိုရာဇာသိသွားတာကြောင့်...

"ငါတို့ကို ဆန့်ကျင်တဲ့သူက ငါတို့ရဲ့ရန်သူပဲ...မင်းသမီးလေးညို့ဝတီ ဖြစ်နေရင်တောင်မှပေါ့။ အဲ့တော့ မညှာနဲ့ စစ်ပွဲအတွင်းမှာ အချစ်မရှိဘူး၊ သနားညှာတာစိတ်မရှိရဘူး၊ ပြီးတော့ မိသားစုဆိုတာမရှိရဘူး...ကြားကြလား အကုန်လုံး"

"ဒူးထောက်လျက်ပါ အရှင်" ("ဒူးထောက်လျက်ပါ အရှင်" )Where stories live. Discover now