"Part-21"

3.7K 254 10
                                    

Unicod

"မင်းသမီး ကျွန်မတို့ သွားရတော့မယ်ထင်တယ်"

"ဟင်ဘာလို့လဲ နေတောင်မထွက်သေးဘူး"

"မင်းသမီးဘက်က လိုက်ရှာတဲ့သူတွေအသံကြားလို့ပါ ကျွန်မတို့အိမ်ကိုတွေ့သွားရင် ဝင်လာနိုင်တယ်"

"ဒါပေမဲ့ ကိုယ်ရံတော်ဆိုင်းပြောတော့ ဒီနေရာကလုံခြုံတယ်ဆို"

"လုံခြုံလို့ မင်းသမီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့တာမဟုတ်လား....ဒါပေမဲ့ဒီမှာ ဘာဂိတ်စောင့်မှမရှိဘူး သူတို့တိတ်တိတ်လေးကျူးကျော်ပြီး ဒီအိမ်ကိုဝင်စစ်နိုင်တယ်။ အမြန်သွားရအောင်"

လေးညို့လက်ကိုဆွဲကာခေါ်သွားတဲ့ကိုယ်ရံတော်ဆိုင်းကြောင့် လေးညို့ ကြောက်စိတ်တွေဟာ အနည်းငယ်သက်သာသွားလေသည်။ ကိုယ်ရံတော်ဆိုင်းကို အရင်ကလေးညို့ကြည့်မရခဲ့ပေမဲ့ တကယ်တော့ ကိုယ်ရံတော်ဆိုင်းဟာ လူကောင်းတစ်ယောက်ပင်။

"ဟူး မောလိုက်တာ"

"ဒါအရှင်မတိုင်းပြည်က ရွာလေးမလား"

"ဟုတ်ပါတယ်"

"ဒါဆို ကျွန်မလုံခြုံပြီပေါ့.."

"ဟင့်အင်း...နန်းတော်ကသာလျှင် မင်းသမီးအတွက် အလုံခြုံဆုံးနေရာပါ"

"ဒါပေမဲ့ ကျွန်မကနန်းတော်ထဲ ဝင်ခွင့်မရှိဘူးလေ...အရှင်မက ခွင့်ပြုခဲ့ရင်တောင် အမတ်တွေဆန္ဒကရှိသေးတယ်"

"ရွာထဲမှာပဲနေလို့လည်းမဖြစ်ဘူးလေ မကြာခင်ပြန်မိသွားနိုင်တယ်"

"ဒါဆို ဘယ်လိုလုပ်ကြမလဲ"

"ကျွန်မမှာ အကြံရှိတယ်"

ကိုယ်ရံတော်ဆိုင်းဟာ ခြေလျှင်တပ်သားလားအောင့်မေ့ရတယ်။ ကိုယ်ရံတော်ဆိုင်းရဲ့မြန်ဆန်တဲ့ ခြေလှမ်းတွေနောက်ကို ထပ်ကြပ်မကွာလိုက်ရတဲ့ လေးညို့အတွက် အတော့်ကို ပင်ပန်းရသည်။

"ငါက ဒီနံစော်နေတဲ့ လှည်းထဲ ဝင်ပုန်းပြီး နန်းတော်ကိုသွားရမှာလား"

"ဟုတ်တယ်လေ ဒီတစ်နည်းပဲရှိတာ"

"စစ်ပွဲကြောင့်မသေပဲ ဒီလှည်းထဲမှာ အသက်ရှူကြပ်ပြီး သေသွားမယ်ထင်တယ်"

"ဒူးထောက်လျက်ပါ အရှင်" ("ဒူးထောက်လျက်ပါ အရှင်" )Where stories live. Discover now