"Part-15"

3.7K 289 17
                                    

Unicod

"အရှင် ဘာလို့သူ့ကိုမသတ်ရတာလဲ..အရှင့်ကိုသစ္စာဖောက်တဲ့သူကို အရှင်ဘယ်တုန်းကများ မသတ်ပဲထားဖူးလို့လဲ"

"တူလို့လား...သူနဲ့ တစ်ခြားသူတွေနဲ့ကတူလို့လား ကိုယ်ရံတော်ဆိုင်း..သူက ငါသိပ်ချစ်ရတဲ့သူလေ။"

"ဒါပေမဲ့"

"တော်တော့ ကိုယ်ရံတော်ဆိုင်း!!"

အရှင်မရဲ့ အသံဟာ နန်းဆောင်တစ်ခုလုံးဟိန်းဟိန်းထသွားလေသည်။

"လေးညို့ဝတီကိုထိတဲ့သူတိုင်း ငါ့အမိန့်ကိုလွန်ဆန်တဲ့အမှုနဲ့ အပြစ်ပေးခံရမယ်။ ကိုယ်ရံတော်ဆိုင်းဆိုရင်တောင်မှပေါ့"

"အမိန့်တော်အတိုင်းပါအရှင်"

ဆိုင်း လေးညို့ဝတီဆိုတဲ့ မင်းသမီးကိုမကျေနပ်ပါ။အရှင်မရဲ့ အမိန့်ကိုမလွန်ဆန်နိုင်လို့သာပေ..နောက်မို့ဆို ဆိုင်းရဲ့ ဓားပေါ်မှာ ထိုမင်းသမီးရဲ့ခေါင်းဟာအဆုံးသတ်နေလောက်ပြီ။

"ထောင်တံခါးဖွင့်လိုက်"

"ဘာလဲ ကျွန်မရဲ့ ခေါင်းကိုလာယူတာလား"

"အရှင်မသာ အမိန့်ပေးကြည့်...မင်းအခုလို စကားပြောနိုင်မှာတောင်မဟုတ်ဘူး။ အရှင်မရဲ့ချစ်ခြင်းကို မင်းမို့လို့စော်ကားရက်တယ်"

"အရှင်မနဲ့တွေ့ခွင့်ပေးပါ..အရှင်မကိုရှင်းပြရမဲ့စကားတွေကိုရှင့်ကိုပြောပြပြီးအချိန်အကုန်မခံနိုင်လို့"

"ဘယ်လိုသတ္တိနဲ့များ ခွင့်တောင်းရဲရတာလဲ"

"အရှင်မနဲ့ တွေ့ပြီးရင် သတ်ချင်သတ်ပလိုက်ပါ အရှင်မကိုတော့တွေ့ခွင့်ပေးပါ။မင်းသမီးတစ်ယောက်ရဲ့မာနကို ခဝါချပြီးတောင်းဆိုနေတာပါ"

"မျက်ရည်ချူပြီး အရှင်မကို ထပ်လှည့်စားဖို့တော့မတွေးနဲ့...အဲ့အခါကြရင် အရှင်မရဲ့အမိန့်ကိုလွန်ဆန်ပြီးတော့ မင်းကိုငါကိုယ်တိုက်သတ်ပစ်မယ်"

"အရှင်မနဲ့တွေ့ခွင့်ပေးမယ်မလား"

"ခေါ်သွားပေးမယ်...အရှင်မ ထွက်တွေ့ရင်တော့မင်းကံကောင်းတာပေါ့။"

လေးညို့ကို သံကြိုးတွေနဲ့ခတ်ပြီးခေါ်လာတာကြောင့်နန်းဆောင်ကလူတွေအကုန်လုံး လေးညို့ကိုကြည့်ပြီးတီးတိုးပြောနေကြလေသည်။အခုလောက်ဆို လေးညို့အကြောင်းဟာ ဟိုဘက်တိုင်းပြည်ကခမည်းတော်ပါ သိလောက်ရောပေါ့

"ဒူးထောက်လျက်ပါ အရှင်" ("ဒူးထောက်လျက်ပါ အရှင်" )Where stories live. Discover now