"Part-25"

3.8K 248 14
                                    

Unicod

"အရှင်...အရှင်သတိရပြီလား"

"အင်း.."

"တော်သေးတာပေါ့အရှင်ရယ်...ကျွန်မဖြင့်စိတ်ပူနေရတာ ဘယ်နားနေလို့မကောင်းဖြစ်သေးလဲ..ကျွန်မသမားတော်သွားခေါ်ပေးရမလား"

"ဟင့်အင်း မနက်မှခေါ်လိုက်ပါ...အခုတော့နားချင်တယ်။ သမားတော်ရဲ့ ဟိုစမ်းဒီစမ်းဒဏ်တွေကိုမခံချင်သေးဘူး"

"အာ ဟုတ်တာပေါ့..အရှင် နားချင်နားလေနော်ကျွန်မ အရှေ့မှာရှိနေပေးမယ်"

"ငါ့နန်းဆောင်ထဲမှာပဲရှိနေပေးပါ..တစ်ယောက်ထဲမနေချင်လို့"

"အမိန့်တော်အတိုင်းပါအရှင်...ဒါနဲ့ဘာလို့လေးညို့ကိုပြန်လွှတ်လိုက်တာလဲ...သူနဲ့အတူရှိနေရရင် အရှင်ပိုပြီးအဆင်ပြေတယ်မဟုတ်ဘူးလား"

"သူ့ကို အကြွင်းမဲ့မယုံကြည်နိုင်ဘူးဖြစ်နေတယ်။ သူ့ကိုတွေ့ရင် ငါ့နှလုံးကအောင့်အောင့်လာတယ်...မင်းနဲ့ရှိနေရတာက ငါ့အတွက်ပိုအဆင်ပြေပါတယ်ကိုယ်ရံတော်ဆိုင်း"

"အရှင့်ဆန္ဒအတိုင်းပါ...အရှင် နားလိုက်အုံးနော် ကျွန်မ ဒီမှာပဲရှိနေမယ်"

"အင်း ကောင်းပြီ"

‌ဆိုင်း ပျော်ရမှာလား...အရှင်က ဆိုင်းနဲ့အတူရှိချင်တာ ဆိုင်းအတွက်ပျော်စရာပဲမဟုတ်လား။ အတော်အတန်ကြာတဲ့အထိ ဆိုင်းအရှင့်နဲ့ခပ်လှမ်းလှမ်းမှာနေပြီး အရှင်အိပ်ပျော်သွားတော့မှ အရှင့်နားကိုမဝံ့မရဲလေးကပ်လိုက်ကာ...အရှင့် မျက်နှာလေးကို အလွတ်ကျက်နေလိုက်လေသည်။
__________
မနက်ရောက်တော့ အရှင်မရဲ့ နန်းဆောင်ရှေ့မှာ အိပ်ပျော်နေတဲ့တပ်သားတွေ အကုန်လုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြလေသည်။

"ငါတို့ဘာလို့ အိပ်ပျော်သွားတာလဲ"

"ငါလည်းမသိဘူး...တစ်ယောက်ယောက်များ အိပ်ငွေ့ချလိုက်တာများလား။"

"ဒါဆို အရှင်...အရှင် အန္တရာယ်ရှိနေပြီထင်တယ်"

တပ်သားတွေထဲက တစ်ယောက်ဟာ နန်းဆောင်တံခါးကို ဖွင့်ဝင်မယ်အလုပ် ပွင့်လာတဲ့တံခါးကြောင့်...

"ဟင် ကိုယ်ရံတော်ကြီး"

"အရမ်း အရမ်း အားကိုးရတဲ့တပ်သားတွေပါလားဟမ်...အကုန်လုံး အိပ်ပျော်နေတယ်လို့..ငါများမရှိရင် အရှင်မ ဒုက္ခရောက်နိုင်တယ်ဆိုတာကို မသိကြဘူးလား.."

"ဒူးထောက်လျက်ပါ အရှင်" ("ဒူးထောက်လျက်ပါ အရှင်" )Where stories live. Discover now