"Part-5"

4.1K 298 5
                                    

Unicod

"အာ့"

"ဝတီ!!"

စောနန်း ခန္ဓာကိုယ်ကိုအုပ်မိုးလိုက်တဲ့ ဝတီကြောင့် စောနန်း လန့်သွားလေသည်။တစ်ပြိုင်နက်ထဲ ဝတီ့ဆီကနေ ငြင်းသံသဲ့သဲ့လေးကြားလိုက်ရတာကြောင့် မြှားထိသွားပြီဆိုတာကိုလည်း စောနန်းသိလိုက်ပါပြီ။

*ရွှီး*

နောက်ထပ် ရောက်လာတဲ့ မြှားတစ်ချောင်းဟာ လေးညို့ရဲ့ကျောကုန်းကိုထပ်စိုက်သွားလေသည်။လေးညို့ဟာ စစ်သူတစ်ယောက်လည်းမဟုတ် ဘယ်လောက်ပဲ ဓားရေးကျွမ်းပြီး သိုင်းတတ်တယ်ပြောပြော မင်းသမီးတစ်ပါးရဲ့ အသားအရည်ကို ပိုင်ဆိုင်ထားတဲ့ သူမဟုတ်လား...သိပ်နာကျင်ရတာပေါ့။ဒါပေမဲ့ ဘာလို့မှန်းမသိ ရန်သူဖြစ်တဲ့အရှင်မကို လေးညို့အသက်ပေးပြီး ကယ်မိလေသည်။

ခဏနေတော့ အရှင်မတို့ဘက်ကတပ်ကူတွေရောက်လာ‌ပြီး မြှားသမားတွေကိုအရင်ချကြတာကြောင့် လေးညို့အတွက်ကံကောင်းသွားသည်လို့ပြောရမည်...

"အာ့ အရှင်...ကျွန်တော်မျိုးမနောက်လိုက်ခဲ့ပါ ပြီးတော့ ကျွန်တော်မျိုးမရဲ့လက်ကိုမလွှတ်ပါနဲ့"

စောနန်းရဲ့ အဖြေကိုလည်းမစောင့်တော့သလို စောနန်းရဲ့အမိန့်ကိုလည်း မစောင့်တော့ဘဲ..စောနန်းလက်ကို သူမရဲ့သွေးစွန်းနေတဲ့လက်တစ်ဖက်နဲ့ဆွဲကာ သူမနောက်ကိုလိုက်စေသည်။

"ဘုရင်မ နောက်ကိုလိုက်ကြ...မလွတ်စေနဲ့"

"အနောက်ကိုလှည့်မကြည့်ပါနဲ့အရှင်...ကျွန်မခေါ်ဆောင်ရာ နောက်သာလိုက်ပါ"

"မင်း...မင်းသွေးတွေအများကြီးထွက်နေပြီ ဝတီ"

"အရှင့်ကိုစိတ်ချလုံခြုံတဲ့နေရာဆီပို့ပြီးတော့မှ ကျွန်တော်မျိုးမ သေပါ့မယ်"

"မင်းမသေရဘူး ဝတီ..မင်း ငါ့အနားမှာ နှစ်တွေအများကြီးခစားရမယ် ဒါ မင်းမိန့်ပဲ"

"အမိန့်တော်အတိုင်းပါအရှင်"

တော်တော်ဝေးဝေးပြေးပြီးတဲ့ အခါမှာတော့ လေးညို့တို့ ရန်သူတွေနဲ့မျက်ခြေပြတ်သွားလေသည်။ဘယ်ရောက်နေမှန်းလည်း လေးညို့မသိပါ ခြေဦးတည့်ရာကို ပြေးလာတာကြောင့် လမ်းလည်းမမှတ်မိ ပိုဆိုးတာ‌ လေးညို့က ဒီတိုင်းပြည်က မဟုတ်တော့ လမ်းတွေလည်းမကျွမ်းပေ။စိတ်ချရမယ်ထင်တဲ့ ဂူတစ်ဂူမှာ ဝင်နားလိုက်ပြီး..

"ဒူးထောက်လျက်ပါ အရှင်" ("ဒူးထောက်လျက်ပါ အရှင်" )Where stories live. Discover now