"Part-24"

3.6K 246 10
                                    

Unicod

"ငါက ငါ့တိုင်းပြည်ကိုစွန့်ခွာပြီး ပုန်းရှောင်နေရမယ်ဟုတ်လား...မဖြစ်နိုင်တာ"

"အရှင်မင်းကြီးမပုန်းရှောင်ရင် စောနန်းဒေဝီတို့ တိုင်းပြည်က အရှင်မင်းကြီးကို ဖမ်းကြလိမ့်မယ်။"

"ငါ့သမီးတော်ကကော"

"စောနန်းဒေဝီဘက်မှာပဲ နေတော့မယ့်ပုံပဲ"

"မိုက်မဲလှချီလား လေးညို့ဝတီရယ်...ငါ ဒီတိုင်းပြည်က မထွက်သွားဘူး။ စောနန်းဒေဝီ သတိပြန်မရသေးဘူးလို့ကြားတယ်။ စောနန်းဒေဝီသာ လုံးဝသတိပြန်မရတော့ရင် ငါ့အတွက်အခွင့်အရေးကောင်းပဲ...ဆက်စုံစမ်းနေပါ။ ငါ့တိုင်းပြည်ကို လာမသိမ်းပိုက်သေးသရွေ့ ငါက ဒီတိုင်းပြည်ရဲ့ဘုရင်ပဲ"

"အမိန့်တော်အတိုင်းပါအရှင်မင်းကြီး"
_________
စောနန်း နိုးမလာတာ ဒီနေ့နဲ့ဆို လေးရက်မြောက်ကိုရောက်လေပြီ။ အမတ်တွေရဲ့ စကားကြောင့် လေးညို့ကတော့ စောနန်းကိုတွေ့ခွင့်မရှိပေ။ နန်းတော်ထဲမှာ အကျယ်ချုပ်သဘောမျိုးချထားလေသည်။

ဒါပေမဲ့ လေးညို့တစ်ခါ အရှင်မကို အိပ်မက်မက်လေသည်။ အိပ်မက်ထဲမှာ အရှင်မက ညိုးငယ်နေသောမျက်နှာထားလေးဖြင့် " ကြင်သူ ငါ ပိတ်မိနေတယ်တဲ့" လေ...

စောနန်း သတိမေ့နေတဲ့အတွင်းမှာ အမတ်တွေကပဲ အုပ်ချုပ်ကြလေသည်။ ဘာလို့ဆို စောနန်းမှာရာဇာကလွဲပြီး ထီးနန်းယာယီဆက်ခံမဲ့ ဆွေမျိုးမရှိလို့ပေ။

"ဒီနေ့ အရှင်မဆီသွားမှာလား ကိုယ်ရံတော်ဆိုင်း"

"အွန်း သွားမှာ"

"ငါ တွေ့ချင်တယ်"

"ဒါပေမဲ့...အမတ်တွေက တွေ့ခွင့်မပေးထားဘူး‌လေ။ မင်းသမီးကို အချုပ်ထဲမထည့်ထားတာပဲကျေးဇူးတင်ရမယ်..."

"ကိုယ်ရံတော်ဆိုင်းတစ်ခုခုလုပ်ပေးလို့မရဘူးလား"

"ကျွန်မက အမတ်တွေလောက်မှ အာဏာမရှိတာ...ကျွန်မရဲ့အဆင့်က ကိုယ်ရံတော်ပဲလေ။ အရှင်မရဲ့ အမိန့်ပြီးရင် အမတ်တွေရဲ့ အမိန့်ကို ကျွန်မနာခံရမှာ"

"အရှင်မက ငါ့ကိုလိုအပ်‌နေတယ်လို့ငါခံစားရတယ်... ငါအရှင့်ကိုစောင်းတီးပြချင်တယ်"

"ဒူးထောက်လျက်ပါ အရှင်" ("ဒူးထောက်လျက်ပါ အရှင်" )Where stories live. Discover now