"Part-28"

3.9K 254 11
                                    

Unicod

*ဖြန်း*

"အရှင်"

ကျိန်းစပ်သွားသောပါးတစ်ဖက် ဒါဟာ အမှန်ဆို လေးညို့ရဲ့ပါးတစ်ဖက်ဖြစ်ရမှာ..သို့ပေမဲ့မဟုတ်ခဲ့။ စောနန်း ကိုယ့်ကိုကို ရိုက်လိုက်ခြင်းပင်...

"အရှင်...ဘာလို့ အခုလိုရိုက်ရတာလဲ"

"မင်းလို လူဆီကအနမ်းကို ငြိမ်ခံနေမိတဲ့အတွက် ငါ့ကိုယ်ငါအပြစ်ပေးတာ.."

"ဒါပေမဲ့ ကျွန်မ မှာသာလျှင်အပြစ်ရှိတာမဟုတ်လား။ ကျွန်မကိုပဲရိုက်သင့်ပါတယ်"

"ငါကိုယ်ငါပြန်ရိုက်လိုက်တဲ့အတွက် ငါ့ပါးတစ်ဖက်နာကျင်ရတယ်လေ။ မင်းသာငါ့ကိုတကယ်ချစ်ရင် ငါနာကျင်ရသလို မင်းလည်းနာကျင်ရမယ်မဟုတ်လား...ဒီတိုင်း မင်း ပါးကိုလည်း မရိုက်ရက်လို့"

"ဘယ်လိုအတွေးနဲ့များလည်းအရှင်ရယ်..ကျွန်မလိုလူမျိုးက အရှင့်ဆီကနေ ပါးရိုက်တာကိုခံရမဲ့သူပါ။"

"လေးညို့ဝတီ"

"ပြောပါအရှင်"

"ငါက မင်းမျက်စိထဲမှာ အရမ်းကိုမှ တန်ဖိုးမဲ့နေသလား"

"မဟုတ်တာအရှင်ရယ်...အရှင်က ကျွန်မမျက်လုံးထဲမှာတော့ ဘာနဲ့မှအဖိုးဖြတ်မရတဲ့ အမျိုးသမီးတစ်ဦးပါ"

"ငါ့ကို မင်းတကယ်ကောတန်ဖိုးထားရဲ့လား"

"ကျွန်မဘဝမှာ တန်ဖိုးအထားရဆုံးသူက အရှင်ပါ.."

"ငါ့နှုတ်ခမ်းကို မင်းနမ်းချင်တိုင်းနမ်းရအောင် ငါက အဲ့လောက်တောင်တန်ဖိုးမဲ့နေတာလား။ တစ်ချိန်တုန်းကဘယ်လိုပဲပတ်သတ်ခဲ့ပတ်သတ်ခဲ့လေ အခုက မင်းနဲ့ငါနဲ့ကဆိုင်သေးလို့လားဟမ်..."

"ကျွန်မ မှားသွားပါတယ်အရှင်...ကျွန်မအရှင့်ကို ဘယ်လောက်တောင်လွမ်းခဲ့ရလဲသိလား။ အဲ့အလွမ်းဒဏ်တွေကိုကျွန်မမခံနိုင်တော့လို့ မသကင့်တော်တဲ့လုပ်ရပ်ကို ကျွန်မလုပ်မိတာပါ။ ကျွန်မကို အပြစ်ပေးတော်မူပါ"

"ဘာလို့များ ငါ့ကိုမယုံကြည်ရဲရအောင်ပဲ လုပ်နေရတာလဲ...ငါမင်းကိုယုံကြည်မယ်လုပ်တိုင်း အဲ့စိတ်ကို မင်းကပဲ ပျောက်အောင်လုပ်နေတာ။ငါ့ကို ဖြေးဖြေးချင်း ရူးအောင်လုပ်နေတာလား လေးညို့ဝတီ"

"ဒူးထောက်လျက်ပါ အရှင်" ("ဒူးထောက်လျက်ပါ အရှင်" )Where stories live. Discover now