Unicod
"အရှင်မ ဒီနေ့ နန်းပြင်ထွက်တော်မူမှာလားဘုရား"
"အင်း...ထွက်မှာ ဝတီ့ကိုပါခေါ်ခဲ့ပါ"
"အမိန့်တော်အတိုင်းပါအရှင်"
----------
"နေရထိုင်ရတာ အဆင်ပြေပါရဲ့လား နှမတော်""ပြေပါတယ် အကိုတော်ရဲ့...ဒါပေမဲ့ အရှင်မဆီက ဘာသတင်းအချက်အလက်မှတော့ မရသေးဘူး ဒီနေ့ အရပ်သားတွေနဲ့တွေ့ဖို့အစီအစဉ်တော့ ရှိလောက်တယ်"
"အော် ဟုတ်ပြီ...လုပ်ကြံဖို့ကစောသေးတော့ လွှတ်ထားရအုံးမှာပေါ့"
"အရှင်မကို သတ်မှာလား"
"အစကတော့ နန်းချဖို့ပဲစီစဉ်ထားတာ ဒါပေမဲ့ စောနန်းဒေဝီဆိုတဲ့ မိန်းမက ရှင်နေသရွေ့ အချိန်မရွေး ထီးနန်းပြန်ရသွားနိုင်တယ်..အဲ့တာကြောင့် နှမတော်ရဲ့ ခမည်းတော်နဲ့တိုင်ပင်ပြီး လုပ်ကြံဖို့ကိုပဲ ဦးတည်လိုက်တာ"
"အော်.."
"ဘာလို့လဲ နှမတော် ဘဝင်မကျဘူးလား"
"မဟုတ်ပါဘူး...အကိုတော့်ကိုစိတ်ပူလို့ပါ ဘုရင်မကို လုပ်ကြံဖို့ဆိုတာ အရမ်းအန္တရာယ်များလို့လေ"
"ဟားဟား စိတ်မပူပါနဲ့ကွာ...အကိုတော့်ဘက်မှာ အမတ်တွေအများကြီးရှိပါတယ် စောနန်းဒေဝီဆိုတာ နာမည်ခံ ဘုရင်မ သက်သက်ပါပဲ သူ့ဘက်မှာ ရှိတဲ့အမတ်က အကိုတော့်ဘက်မှာရှိတဲ့ အမတ်ရဲ့ သုံးပုံပုံ နှစ်ပုံတောင် မရှိပါဘူး"
"အင်းပါ...ဘာပဲလုပ်လုပ် သတိထားလုပ်ပါ"
"ဟုတ်ပါပြီ...လေးညို့ကော အရှင်မရဲ့ယုံကြည်မှုကို ရနေပြီလား"
"တစ်ဝက်လောက်တော့ရနေပြီလို့ပြောရမလား...ဒါပေမဲ့ အရှင်မရဲ့ ယုံကြည်မှုကိုအလုံးစုံရဖို့ဆိုတာ အချိန်ယူရအုံးမယ်နဲ့တူတယ်"
"ဟုတ်ပါပြီ...တစ်ခုခုဆို အကိုတော့်ကို လာပြောနော်"
"ဟုတ်ကဲ့ပါ"
"အကိုတော့်ကို အနမ်းလေး မပေးချင်ဘူးလား"
"နန်းတော်ကြီးမှာတော့ မလုပ်သင့်ဘူးထင်တယ် အကိုတော်..ပြီးတော့ လေးညို့က အခုချိန်မှာ အရှင်မနားက အစေခံလေ မသင့်တော်ဘူးထင်ပါရဲ့"
YOU ARE READING
"ဒူးထောက်လျက်ပါ အရှင်" ("ဒူးေထာက္လ်က္ပါ အရွင္" )
Romance"ငါဆိုတဲ့ မိန်းမဟာ ငါ့တိုင်းပြည်ထက် ဘယ်သူ့ကိုမှ ပိုမချစ်နိုင်တာကြောင့် မင်းကိုလည်း စွန့်ပစ်ဖို့ ငါဝန်လေးမှာမဟုတ်ဘူး.." "သေချာလို့လား အရှင်ရယ်..ဒီစကားကို ကျွန်မမျက်လုံးကို သေချာကြည့်ပြီးပြောပါ။"