"Part-9"

3.9K 267 5
                                    

Unicod

"ဝတီ"

"ဟုတ်ကဲ့ပါအရှင်"

"မင်းသက်သာသွားတာသေချာလို့လား"

"သေချာပါတယ်အရှင်...ကျွန်မအရှင့်ကိုမညာဝံ့ပါ"

"မညာဝံ့ပေလို့ပဲ...တောထဲရောက်နေတုန်းကကြတော့ တစ်ချိန်လုံး သက်သာပါတယ် အဆင်ပြေပါတယ်ဆိုပြီး ညာနေခဲ့တာမဟုတ်လား"

အရှင်မဟာ အလိုမကျတဲ့ပုံစံလေးနဲ့ပြောနေတာဟာ လေးညို့အတွက်တကယ့်ကို မြတ်နိုးချင်စရာအတိပင်။

"အဲ့ဒါက အရှင် အရမ်းစိတ်ပူမှာစိုးလို့ပါ...အရှင့်ကို လိမ်ခဲ့မိတဲ့အတွက် ကျွန်မတောင်းပန်ပါတယ်အရှင်"

"မင်း မေ့လဲသွားတုန်းက ငါဘယ်လောက်စိတ်ပူရလဲသိလား...မင်းကတော့ သိမှာမဟုတ်ပါဘူး"

"အခု အရှင်ပြောလို့သိသွားပါပြီ"

"ဝတီ မင်း ငါ့ကိုရွဲ့နေတာလား"

"ကျွန်မ အရှင့်ကို မရွဲ့ဝံ့ပါဘူးအရှင်"

အရှင်မရဲ့ စိတ်ဆိုးတဲ့ပုံလေးကိုမြင်ချင်တာကြောင့် လေးညို့အခုလို စနေရခြင်းပါ။ မင်းသမီးတစ်ပါးမို့လို့ပဲ ဒီလောက်ရဲတင်းနေတာလားတော့ လေးညို့မသိ။လေးညို့စနေတာကြောင့်အရှင်မဟာ စိတ်ဆိုးပြီး ပါးလေးတွေရဲတက်လာတယ်လေ...ပြေးပြီးဖိကပ်နမ်းချင်စရာလေးရယ်ပါ။

"ငါ မင်းကိုစိတ်ဆိုးလာပြီနော် ဝတီ..အရင်စိတ်နဲ့သာဆို မင်း ထောင်ထမင်းစားနေရလောက်မှာ ဒါမဲ့ မင်းနဲ့တွေ့ရင်ငါက လူအသစ်တစ်ယောက်လိုပဲ..ထားလိုက်ပါတော့ ငါမင်းငှဲ့ပေးတဲ့ ရေနွေးကိုလွမ်းလှပြီ"

"ကျွန်မငှဲ့ပေးပါ့မယ်အရှင်"

စောနန်းကို သေချာလေးရေနွေးငှဲ့ပေးနေတဲ့ ဝတီ့ကိုကြည့်ပြီး စောနန်းပြုံးမိလေသည်။အစေခံတစ်ယောက်ဟာ ဒီလောက်တောင် အသားအရည်ချောမွတ်ပြီး နူးညံ့ရသလား..ပြီးတော့ ဒီလောက်တောင်ချောမောရသလားပေါ့။

"ရပါပြီ အရှင်"

"အင်း..."

"အရှင့်ကိုကျွန်မတစ်ခုမေးလို့ရမလား"

"အင်း မေးလေ"

"ဘာလို့ ကိုယ်ရံတော်ဆိုင်းကို ဘေးနားမခေါ်ထားတော့တာလဲဟင်"

"ဒူးထောက်လျက်ပါ အရှင်" ("ဒူးထောက်လျက်ပါ အရှင်" )Where stories live. Discover now