Unicod
"အရှင်"
"အင်း ပြောလေကြင်သူ"
"ကျွန်မခမည်းတော်နဲ့သွားတွေ့ချင်တယ်.."
"အင်း ကြင်သူတွေ့ချင်ရင် ငါခေါ်သွားပါ့မယ်။ အခုတွေ့ချင်တာလား"
"ဟုတ်ကဲ့"
"ကောင်းပြီလေ..."
လေးညို့ထင်ထားတာ အရှင်ဟာ လေးညို့ရဲ့ခမည်းတော်ကို အပြစ်သားတစ်ယောက်လိုပဲ ထားမယ်ထင်ထားခဲ့ပေမဲ့ လေးညို့ထင်သလိုမဟုတ်ပေ။ အရှင်ဟာ လေးညို့ရဲ့ခမည်းတော်ကို အကျယ်ချုပ်သဘောမျိုးနဲ့ကောင်းကောင်းမွန်မွန်ထားလေသည်။
"ငါမလိုက်တော့ဘူးနော်ကြင်သူ..."
"ဟုတ်ကဲ့ပါအရှင်"
"ခဏလေး ကြင်သူ"
အရှင်ဟာ လေးညို့ရဲ့လက်ကိုတင်းနေအောင်ဆုပ်ကိုင်လိုက်ရင်း...
"ကြင်သူ ရအောင်ပြောပေးမယ်မဟုတ်လား...ငါမလုပ်နိုင်တဲ့အရာကို ကြင်သူရအောင်လုပ်ပေးမယ်မလား"
"ကျွန်မကိုယုံပါအရှင်..."
"အင်း"
အရှင်ဟာ လေးညို့ရဲ့ခမည်းတော် လေးညို့တို့ကိုလက်ခံနိုင်အောင်ပြောခိုင်းခြင်းပင်။
လေးညို့ရဲ့ခမည်းတော်ဟာ လေးညို့ကို မြင်တော့ တော်တော်လေးအံ့ဩသွားတဲ့ပုံဖြင့်...
"သမီးတော်...လေးညို့"
"နေကောင်းပါရဲ့လားခမည်းတော်"
"ကောင်းပါတယ်...သမီးတော်ကော ဒီနန်းတော်မှာ နေရတာ အဆင်ပြေပြေရှိရဲ့လား။ အလုပ်တွေပင်ပင်ပန်းပန်းလုပ်နေရလား...ခဏပဲသည်းခံပေးပါသမီးတော်ရယ် ခမည်းတော် ဒီကနေရအောင်ထွက်ပြီး သမီးတော်ကိုပါခေါ်ထုတ်နိုင်အောင်ကြိုးစားပါ့မယ်"
"ဟင့်အင်း ခမည်းတော်....လေးညို့ အရှင်မနဲ့ပဲနေဖို့ဆုံးဖြတ်လိုက်ပြီ"
"ဘယ်လို"
"လေးညို့တို့ရဲ့ချစ်ခြင်းကိုလက်ခံပေးပါ ခမည်းဝောာ်...ချစ်ခြင်းမေတ္တာက ချစ်ခြင်းမေတ္တာပဲမို့လို့ ကျန်တာတွေကိုမခွဲခြားစေချင်ဘူး"
YOU ARE READING
"ဒူးထောက်လျက်ပါ အရှင်" ("ဒူးေထာက္လ်က္ပါ အရွင္" )
Romance"ငါဆိုတဲ့ မိန်းမဟာ ငါ့တိုင်းပြည်ထက် ဘယ်သူ့ကိုမှ ပိုမချစ်နိုင်တာကြောင့် မင်းကိုလည်း စွန့်ပစ်ဖို့ ငါဝန်လေးမှာမဟုတ်ဘူး.." "သေချာလို့လား အရှင်ရယ်..ဒီစကားကို ကျွန်မမျက်လုံးကို သေချာကြည့်ပြီးပြောပါ။"