Unicod
"ကျွန်မဘေးမှာပဲ အိပ်နော်အရှင်...နန်းတော်မှာမဟုတ်တော့ ရန်သူကိုကော သားရဲတိရစ္ဆာန်ကိုကော ကြောက်ရတယ်..."
"အင်း..ကောင်းပြီ"
ညနက်ရောက်လာတော့ ငြီးသံသဲ့သဲ့ကြောင့် စောနန်းလန့်နိုးသွားလေသည်။ထို ငြီးသံဟာ သားရဲတိစ္ဆာန်တစ်ကောင်ဆီကတော့မဟုတ်...လူငြီးသံပင်။
"တောင်း တောင်းပန်ပါတယ်...ခွင့်လွှတ်တော်မူပါ ကျွန်မတောင်းပန်ပါတယ်အရှင်"
ဒါ ဝတီ့ဆီက ငြီးသံပင်။အသံက ဗလုံးဗထွေးဖြစ်နေတာကြောင့် ဘာတွေပြောနေမှန်းလဲတော့သေချာမကြားရ..မျက်လုံး မဖွင့်ပဲ ငြီးနေပုံထောက်ရင်အနာရှိန်ကြောင့်လို့ စောနန်းထင်မိလေသည်။
"ဟင်...မင်း ဖျားနေတာပဲ ဘယ်လိုလုပ်ရပါ့မလဲ ဝတီ ဝတီ"
"အ အရှင်..ဘာများဖြစ်လို့လဲ"
စောနန်းနှိုးလိုက်တော့ ဝတီဟာ အားမရှိတဲ့လေသံလေးနဲ့ တစ်ခုခုများဖြစ်လို့လားဆိုပြီး စိတ်ပူနေသေးတယ်လေ။
"ဘာမှမဖြစ်ပါဘူး..မင်း ဖျားနေပြီဝတီ ငါဘာလုပ်ပေးရမှန်းမသိဘူး မင်း နေရတာ အဆင်ပြေရဲ့လား"
"ကျွန်မအရမ်းချမ်းတယ်..."
ဆောင်းတွင်းလည်းဖြစ်တာကြောင့် ဂူထဲမှာ တော်တော်လေးကိုအေးပါသည်။ဂူထဲကို ဝင်ရောက်လာတဲ့ ဆောင်းလေအေး ပြင်းပြင်းတွေကြောင့် မီးပုံ လုပ်ထားလည်း ခဏလေးနဲ့ငြိမ်းသွားမှာ...ပြီးတော့ ရန်သူတွေမီးရောင်ကိုမြင်မှာလည်းဆိုးတာကြောင့် ဝတီက မလုပ်ခိုင်းထားပေ။စောနန်းအတွက်တကယ်ကို အခက်တွေ့စေသည်။
"ငါဘာလုပ်ရမလဲမသိတော့ဘူး ဝတီ..ငါမင်းကိုအနွေးဓာတ်ပေးချင်တယ်။ ဒါပေမဲ့ ငါ့မှာ အကြံမရှိဘူး ငါမီးရအောင်လုပ်လိုက်ရမလား"
"ဟင့်အင်း မလုပ်နဲ့အရှင်..ဒီအခြေအနေမှာ ကျွန်မအရှင့်ကိုကာကွယ်နိုင်မှာမဟုတ်ဘူး..ဒါ့ကြောင့်မီးမမွှေးလိုက်ပါနဲ့"
"မင်း နှုတ်ခမ်းတွေပြာနေပြီလေ ဝတီရယ်...အခုချိန်မှာ မင်း သေသွားရင်လည်း မင်းငါ့ကိုကာကွယ်လို့မရတော့ဘူးလေ"
YOU ARE READING
"ဒူးထောက်လျက်ပါ အရှင်" ("ဒူးေထာက္လ်က္ပါ အရွင္" )
Romance"ငါဆိုတဲ့ မိန်းမဟာ ငါ့တိုင်းပြည်ထက် ဘယ်သူ့ကိုမှ ပိုမချစ်နိုင်တာကြောင့် မင်းကိုလည်း စွန့်ပစ်ဖို့ ငါဝန်လေးမှာမဟုတ်ဘူး.." "သေချာလို့လား အရှင်ရယ်..ဒီစကားကို ကျွန်မမျက်လုံးကို သေချာကြည့်ပြီးပြောပါ။"