"Part-17"

3.7K 248 16
                                    

Unicod

"တပ်သားတစ်ရာနဲ့အကုန်အဆင်သင့်ဖြစ်ပါပြီအရှင်..."

"အင်း...ဘေးကင်းရင်ရပါပြီ သွားခွင့်ပေးလိုက်တော့"

"အရှင် သူ့ကို ထွက်မနှုတ်ဆက်တော့ဘူးလား..သူကအရှင့်ကို တွေ့ချင်မယ်ထင်တယ်"

"တော်ပါပြီ...သံယောဇဉ်တွေထပ်မတွယ်တာပဲကောင်းတယ် သူ့ကိုမြင်ရင် ငါ့ရဲ့ပြတ်သားတဲ့စိတ်တွေက သူ့ရှေ့မှာ ဒူးထောက်ကြတယ်"

"ဒါက အရှင် သူနဲ့တွေ့ရဖို့နောက်ဆုံးအခွင့်အရေးပါ...နှစ်တွေအများကြီးကြာတော့မှ ရန်သူတွေအနေနဲ့ပြန်တွေ့နိုင်ကြတာလည်းဖြစ်နိုင်သလို ဘယ်တော့မှမတွေ့ဖြစ်တော့တာလည်းဖြစ်နိုင်ပါတယ်"

"ကိုယ်ရံတော်ဆိုင်းက ဝတီ့ကိုမုန်းနေတာမလား...ဘာလို့ငါနဲ့အရမ်းတွေ့ပေးချင်နေရတာလဲ"

"ဘာလို့ဆို အရှင်နောင်တရမှာကို မလိုချင်လို့ပါ..."

"တကယ်ပဲ ငါထွက်တွေ့‌သင့်လား"

"ကျွန်တော်မျိုးမကတော့ အရှင်ထွက်တွေ့သင့်တယ်လို့ထင်ပါတယ်"

"အင်း ကောင်းပြီ"

စောနန်း သက်ပြင်းခပ်ဖွဖွလေးချလိုက်ကာ နူးညံ့တဲ့ခြေလှမ်းတွေနဲ့အတူ လေးညို့ဆီကိုလျှောက်လှမ်းလိုက်လေသည်။စောနန်းကို မြင်တော့ မှိုင်နေတဲ့ကြင်သူရဲ့မျက်လုံးတွေဟာအရောင်လက်သွားလေသည်။အရင်စိတ်နဲ့သာဆို စောနန်း  ကြင်သူ့ကိုပြုံးပြမှာ ဒါပေမဲ့အခုတော့ အပြုံးတွေအစား ခက်ထန်တဲ့ မျက်လုံးတစ်စုံနဲ့သာကြည့်ကာ....

"အရှင်"

"နေကောင်းသွားပြီလား"

"အရှင့်ကျေးဇူးကြောင့်ပါ"

"ဟိုမှာ ကျန်းကျန်းမာမာနေပါ...ငါ့ကိုမင်းရဲ့ရန်သူလိုပဲသဘောထားပြီးနေပါ"

"ဘာလို့အဲ့လိုပြောရတာလဲအရှင်ရယ်"

"ဘာလို့ဆို မင်း ခမည်းတော်က ငါ့တိုင်းပြည်ကို သိမ်းပိုက်ခိုင်းတယ်လေ...မင်းနဲ့ငါနဲ့က ရန်သူတွေပဲမဟုတ်လား။ မင်း ခမည်းတော်မသိမ်းပိုက်နိုင်ခဲ့ရင်တောင် မင်းက တစ်ချိန်ကြ သိမ်းပိုက်မှာမလား..."

"ဒူးထောက်လျက်ပါ အရှင်" ("ဒူးထောက်လျက်ပါ အရှင်" )Where stories live. Discover now