Unicod
"အရှင်"
"အင်း ပြောလေ"
"ဒီတိုင်းပြည်နဲ့ ကျွန်မ နှစ်ခုထဲက တစ်ခုကိုဆုံးရှုံးရမယ်ဆို အရှင်ဘာကိုအဆုံးရှုံးခံမလဲ"
"ဘာကိုမှ ဆုံးရှုံးစရာမလိုပါဘူး...မိန်းကလေးတစ်ဦးကလည်း ငါနဲ့ထိမ်းမြှားလက်ထပ်နိုင်သလို မိန်းကလေးချင်းချင်း ချစ်မြတ်နိုးနေတဲ့ဘုရင်မတစ်ဦးကလည်း တိုင်းပြည်ကို အုပ်ချုပ်လို့ရပါတယ်"
"တိုင်းပြည်ကလူတွေက အရှင့်ကို ပုန်ကန်ကြရင်ရော"
"အဲ့အခါကြရင်တော့ ထီးနန်းကို စွန့်လွှတ်ပြီး မင်းကိုချစ်တဲ့ငါ့နှလုံးသားတိုင်းပြည်မှာ မင်း တစ်ယောက်ထဲကိုပဲအုပ်စိုးတော့မယ်"
အရှင့်စကားသံတွေထဲမှာ လေးညို့ကို စွန့်လွှတ်မဲ့ အကြောင်းတစ်ခုမှမပါဝင်ခဲ့ပါ။နောက်ဆုံး သူ့ထီးနန်းကိုတောင်စွန့်လွှတ်နိုင်တဲ့အထိ အရှင်ဟာ လေးညို့လက်ကိုပဲဆွဲခဲ့လေသည်။
ခဏနေတော့လေးညို့ခေါင်းတွေမူးလာလေသည်။ခုနက လေးညို့ကို အချစ်တွေအပြည့်ရှိတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတဲ့အရှင်မဟာလည်း တစ်ဖြေးဖြေး ကွယ်ပျောက်သွားလေသည်။
"ဝ ဝတီ..မင်း သတိရလာပြီလား"
လေးညို့ သတိရလာတဲ့အချိန်မှာ လေးညို့နားထဲအရင်ဆုံးရောက်လာတာဟာ အရှင်မရဲ့ အသံချိုချိုလေးပင်။
"မင်းရေဆာနေမလား"
"ဟုတ်ကဲ့အရှင်"
"အင်း...ရော့ ဖြေးဖြေးသောက်"
"ကျွန်မ သတိမေ့နေတာ ဘယ်လောက်ကြာပြီလဲ အရှင်"
"သုံးရက်လောက်"
"အရှင့်နားမှာခစားဖို့အတွက် ကျွန်မတာဝန်တွေပျက်ကွက်ခဲ့တာပေါ့နော်..ကျွန်မကို အပြစ်ပေးသင့်ပါတယ်အရှင်"
"အို..မင်းက ငါ့ အသက်ကိုကယ်ခဲ့တဲ့သူလေ ငါသာမင်းကို အပြစ်ပေးရင် ငါက သိပ်ကိုမှယုတ်ညံ့တဲ့မင်းဆိုးဖြစ်သွားမှာပေါ့...မင်း ကောင်းကောင်းအနားယူပါအုံး မင်းနေပြန်ကောင်းသွားရင်မင်းအတွက်ဆုလာဘ်ချီးမြှင့်မယ်"
YOU ARE READING
"ဒူးထောက်လျက်ပါ အရှင်" ("ဒူးေထာက္လ်က္ပါ အရွင္" )
Romance"ငါဆိုတဲ့ မိန်းမဟာ ငါ့တိုင်းပြည်ထက် ဘယ်သူ့ကိုမှ ပိုမချစ်နိုင်တာကြောင့် မင်းကိုလည်း စွန့်ပစ်ဖို့ ငါဝန်လေးမှာမဟုတ်ဘူး.." "သေချာလို့လား အရှင်ရယ်..ဒီစကားကို ကျွန်မမျက်လုံးကို သေချာကြည့်ပြီးပြောပါ။"