Unicod
"သူ သတိရနေပြီလား"
"မနက်ကတင် သတိရလာပါတယ်...ဒါပေမဲ့ မိုးအရမ်းမိသွားလို့နဲ့တူတယ် ကိုယ်တွေပူနေတယ်အရှင်"
"အင်း ငါသိတယ်"
"အရှင် စိတ်မပူဘူးလား"
"ဘယ်လိုများမေးလိုက်တာလဲ ကိုယ်ရံတော်ဆိုင်းရယ်..အခုလေ ငါ့ရင်တွေဘယ်လောက်ပူရလဲမင်းသိလား။ အပြေးသွားပြီး ငါကိုယ်တိုင်ပြုစုပေးချင်တာပေါ့..ဒီပုံတိုင်းဆို သူသေသွားနိုင်တယ်"
"သူမသေအောင် လုပ်လို့ရတဲ့နည်းတစ်နည်းတော့ရှိပါတယ်"
"ပြောစေ"
"ဟိုဘက်တိုင်းပြည်က မင်းသမီးလေးညို့ရဲ့ ခမည်းတော်က ဒီကသတင်းကြားပြီး သူ့သမီးတော်ကို ပြန်ခေါ်ဖို့ အမိန့်လွှာပါးလိုက်ပါတယ်။တကယ်လို့ သူတို့ဆီပြန်မပို့ရင် စစ်ကြေညာမယ်တဲ့"
"ဒါပေမဲ့"
"အချစ်ကို ဦးစားမပေးဘဲ..အရှင့်ပြည်သူတွေအတွက်ပဲ စဉ်းစားကြည့်ပါလားအရှင်ရယ်။ ကျွန်မတို့ဘက်မှာ အင်အားနည်းနေသေးတယ်လေ...ပြီးတော့ အရှင်ချစ်ရတဲ့သူကို ကယ်တင်နိုင်တာ ဒီတစ်နည်းပဲ ရှိတယ်နော်..."
"အင်း..ငါ လေးညို့ဝတီနဲ့တွေ့ချင်တယ် စီစဉ်ပေးပါ"
"ဘာလို့များလဲအရှင်"
"ပြောစရာတွေရှိလို့ပါ"
"ဒါပေမဲ့..သူက"
"လေးညို့ဝတီနဲ့တွေ့ဖို့စီစဉ်ပေးပါ..ဒါအမိန့်ပဲ"
"အမိန့်တော်အတိုင်းပါအရှင်"
__________"ဘာပြန်စာရသလဲ"
"အခုထိတော့ သူတို့ဘက်က ဘာပြန်စာမှ မပေးသေးပါဘူး အရှင်မင်းကြီး..ပြီးတော့ လေးညို့ အရမ်းနေမကောင်းဖြစ်နေပါတယ်"
"တောက် !! ငါ့သမီးတော်တစ်ခုခုဖြစ်လို့ကတော့ မင်းကိုကော မင်းတို့ရဲ့အရှင်မကိုကော ငါကိုယ်တိုင် သတ်ပစ်မယ်"
"စိတ်ချပါအရှင်မင်းကြီး..လေးညို့ဘာမှမဖြစ်စေရပါဘူး"
"ဘာလို့များ ငါ့သမီးတော်က အဲ့ဘုရင်မကို ဒူးထောက်တောင်းပန်ရတာလဲ..အဲ့ဘုရင်မကိုသတ်ဖို့အတွက် သူလျှိုအဖြစ်နဲ့ဝင်သွားတဲ့သူက ပြန်တောင်းပန်တယ်ဆိုတာဖြစ်သင့်လား"
YOU ARE READING
"ဒူးထောက်လျက်ပါ အရှင်" ("ဒူးေထာက္လ်က္ပါ အရွင္" )
Romance"ငါဆိုတဲ့ မိန်းမဟာ ငါ့တိုင်းပြည်ထက် ဘယ်သူ့ကိုမှ ပိုမချစ်နိုင်တာကြောင့် မင်းကိုလည်း စွန့်ပစ်ဖို့ ငါဝန်လေးမှာမဟုတ်ဘူး.." "သေချာလို့လား အရှင်ရယ်..ဒီစကားကို ကျွန်မမျက်လုံးကို သေချာကြည့်ပြီးပြောပါ။"