"Part-20"

3.6K 247 13
                                    

Unicod

"အခြေအနေဘယ်လိုရှိလဲ ကိုယ်ရံတော်ဆိုင်း...."

"နှစ်ရက်အတွင်း အကြောင်းပြန်မယ်လို့ပြောပါတယ်အရှင်"

"အင်း ကောင်းပြီ"

"မင်းသမီးလေးညို့ဝတီနဲ့တွေ့ခဲ့ပါတယ်အရှင်"

"အင်း..သူ့အကြောင်းမကြားချင်ဘူး အဲ့တာကြောင့် မပြောပါနဲ့"

"ကောင်းပါပြီအရှင်..အမိန့်တော်အတိုင်းပါ"

တကယ်ဆို စောနန်းသိပ်နားထောင်ချင်တာပေါ့။ သူနေမှကောင်းရဲ့လား အဆင်ပြေပြေရှိနေရဲ့လားဆိုပြီးတော့လည်း မေးချင်တာပေါ့..ဒါပေမဲ့စောနန်းမမေးတော့ပါ။ ကြင်သူနဲ့ပတ်သတ်တဲ့အကြောင်းတွေကို စောနန်းခေါင်းထဲကထုတ်ထားတာ ကြာလှပြီမဟုတ်လား....

"ဒီနေ့ နန်းပြင်ထွက်ချင်တယ်ခမည်းတော်"

"သမီးတော်ကို နန်းပြင်ထွက်ခွင့်မပေးထားဘူးလေ"

"နန်းတော်ထဲမှာပဲနေရတာမွန်းကြပ်လို့ပါ"

"ဒါဆို ရာဇာ့ကိုခေါ်သွားပါ။ ပြီးတော့ နီးနီးနားနားမှာပဲနေပါ"

"ကောင်းပါပြီခမည်းတော်"

ဒီနေ့ လေးညို့ရဲ့ထွက်ပြေးမဲ့အစီအစဉ်အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာ လေးညို့အတွက်မသေချာပေ။

"အကိုတော်နဲ့အပြင်တူတူလျှောက်သွားရတာကို ဘာလို့များလွယ်လွယ်နဲ့လက်ခံလိုက်တာလဲ"

"အဓိကက နန်းပြင်ကိုထွက်ချင်တာလေ...အကိုတော့်အသံမကြားခင်ကအထိ အကိုတော်ပါလာမှန်းတောင် သတိမထားမိပါဘူး"

"ဟားဟား ဒီမင်းသမီးလေးက ပြန်ချေပတာ တော်လိုက်တာ"

ပြောရင်း လေးညို့ပါးကို သူ့ရဲ့လက်ဝါးကြမ်းကြမ်းတွေနဲ့လာကိုင်တာကြောင့်လေးညို့ ထိုလက်ကိုပုတ်ထုတ်လိုက်ရင်း....

"ကျွန်မကို အခုလိုတွေလာလာမလုပ်ပါနဲ့အကိုတော်...ကျွန်မက အရင်က အကိုတော့်ကိုချစ်တဲ့ လေးညို့ဝတီမဟုတ်တော့ပါဘူး။စည်းစောင့်ပေးပါ"

"အကို‌တော့်နေရာမှာ စောနန်းဒေဝီသာဆိုရင်ငြိမ်ခံနေမလားပဲ"

"ဒူးထောက်လျက်ပါ အရှင်" ("ဒူးထောက်လျက်ပါ အရှင်" )Where stories live. Discover now