Unicod
မနေ့က ကိစ္စကြောင့် ဒီနေ့ အရှင်မဆီကိုသွားဖို့ လေးညို့ခြေလှမ်းတွေဟာတွန့်ဆုတ်နေမိလေသည်။လေးညို့ရဲ့လုပ်ရပ်ကြောင့် အရှင့်ရဲ့မျက်နှာကိုပင် လေးညို့မကြည့်ဝံ့ပါ..သို့ပေမဲ့လည်း စိတ်ကိုတင်းကာပင် အရှင့်ရှေ့ဝောာ်မှောက်ကိုပင် ရောက်သွားခဲ့ပြီ။
အရှေ့ရှေ့သာရောက်နေတာ လေးညို့ဘာစကားမှ မပြောရဲသေးပင် မပြောရဲသေးဘူးဆိုတာထက် ပြောစရာစကားရှာမတွေ့တာဆိုပိုမှန်လိမ့်မည်။အရှင်ဟာ လေးညို့မျက်နှာကိုအရင်မကြည့်ပဲ မနေ့က ရှသွားတဲ့လေးညို့လက်ကိုသာ အရင်ကြည့်လေသည်..ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်သလဲ။
"စကားတော့နားထောင်သားပဲ"
"................"
"အဲ့နားမှာပဲ ရပ်နေတော့မှာလား"
"ရှင်"
"ပြောတော့ ဒူးထောက်ခစားမယ်လေးဘာလေးနဲ့..အခုကြတော့ နန်းဆောင်တံခါးဝမှာကျောက်ရုပ်ကြီးလိုပဲရပ်နေတယ်။ ဘာမှမလုပ်ပေးတော့ဘူးလား..ဘယ်မှာလဲ ရေနွေး"
"အော် ဟုတ် ဟုတ် အရှင်...ကျွန်မ ငှဲ့ပေးပါ့မယ်"
တစ်ခုခုအမှားလုပ်ပြီးတိုင်းကြောင်တောင်တောင်လေးဖြစ်နေတတ်တဲ့ ကြင်သူဟာ စောနန်းအတွက်တော့ချစ်စရာလေးလို့ဆိုနိုင်လေသည်။ကြင်သူကသာ မသိတာ ကြင်သူ့ရဲ့အမူအရာကိုကြည့်ပြီး စောနန်းနှုတ်ခမ်းထက်မှာ အပြုံးတွေဖြစ်တည်နေတယ်လေ...
"နှင်းဆီဖြူခြံက ခြံစောင့်ကြီးကို ကြောက်လို့ ပန်းခူးပြီးမဆက်သတော့တာလား"
"ဟင်..အော် အဲ့လိုတော့မဟုတ်ပါဘူးအရှင်။ ဆက်သခွင့်မရှိဘူးထင်လို့ပါ"
"ဆက်သခွင့်ရှိတယ်..ပန်ပေးခွင့်မရှိဘူး"
"ကျွန်မနောက်နေ့ ဆက်သပါ့မယ်အရှင်..."
"အခုဆက်သတော့ဘာဖြစ်လို့လဲ"
"ကျွန်မအခုပဲသွားလိုက်ပါ့မယ်"
ပြာပြာသလဲထွက်သွားတဲ့ကြင်သူမရှိတော့မှ စောနန်း အသံထွက်အောင်ကိုပင်ရယ်လိုက်လေသည်။
"တော်တော်ကိုချစ်ဖို့ကောင်းတာပဲ..."
ခဏနေတော့ နှင်းဆီအဖြူတွေတစ်ပွေ့တစ်ပိုက်နဲ့ လေးညို့ရောက်လာလေသည်။
YOU ARE READING
"ဒူးထောက်လျက်ပါ အရှင်" ("ဒူးေထာက္လ်က္ပါ အရွင္" )
Romance"ငါဆိုတဲ့ မိန်းမဟာ ငါ့တိုင်းပြည်ထက် ဘယ်သူ့ကိုမှ ပိုမချစ်နိုင်တာကြောင့် မင်းကိုလည်း စွန့်ပစ်ဖို့ ငါဝန်လေးမှာမဟုတ်ဘူး.." "သေချာလို့လား အရှင်ရယ်..ဒီစကားကို ကျွန်မမျက်လုံးကို သေချာကြည့်ပြီးပြောပါ။"